Part 3

671 74 9
                                    

"ငါဘယ်ရောက်နေတာလဲ အားးငါ့ခေါင်း"

နိုးလာတာနဲ့မျက်လုံးထဲတန်းပြီးတိုးဝင်လာတဲ့ ဒီအလင်းရောင်ကသိပ်ကိုမုန်းဖို့ကောင်းတာဘဲ လီလီနောက်ဆုံးသတိရမိတာက စာဖတ်နေရင်ရုတ်တရက်လီလီမေ့လဲသွားတာဘဲ

ဘာတွေဘယ်လိုဖြစ်နေပါစေ အခုလီလီ့မျက်လုံးထဲ မိဖုရားKim Jennie ကိုဘဲ မြင်နေရတယ် အလင်းရောင်ကိုအံကြိတ်ရင် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ကိုယ်နဲ့အရမ်းကိုစိမ်းတဲ့နေရာကိုရောက်နေတယ်ဆိုတာသတိထားမိသွားတယ် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အနားဘယ်သူမှရှိမနေတဲ့အပြင် အသုံးအဆောင်ပစ္စည်းတွေက တော်တော်လေးကိုတောက်ပနေပြီး လီလီ့ကိုဆွဲဆောင်နေတယ်လို့ခံစားရတယ် အပေါ်မျင်ဋာကျက်ကိုပြန်ကြည့်လိုက်တော့ ဗိသုကာပန်းခက်တွေကအရမ်းကိုလက်ရာမြောက်နေတယ် ဒါကအံ့ဪစရာဘဲ ၂၁ရာစုမှာ ဘယ်သူမှအိမ်တွင်းမျက်နာကျက်အပြည့်ကိုပန်းခက်ပုံမဖော်ကြတော့ဘူးလေ မီးစိုင်းကြီးရှိနေသင့်တဲ့နေရာမှာ ပန်းခက်တွေရှိနေတာ ဒီနေရာကတမျိုးဘဲ

"ဒါဘယ် အဟွတ် ဟွတ်"

ခြောက်ကပ်နေတဲ့လည်ချောင်းရဲ့ကျေးဇူးကြောင့် လူတစ်ယောက် တခါးကိုဆွဲဖွင့်ဝင်လာသံကိုကြားလိုက်ရတယ်

ထိုလူက

"မင်းသမီး သတိရတော်မူလာပြီးလားခမျ"

"ရေ ရေ"

ထိုလူမေးနေတာကိုအာရုံမရအား လီလီရဲ့ခြောက်ကပ်နေတဲ့လည်ချောင်းကို စိုစွတ်စေဖို့ဘဲသူမအာရုံရတော့တယ်
သူမပြောတော့ ထိုလူက ရေခွက်ကိုကမ်းပေးတော့ လီလီလည်းအငမ်းမရသောက်မိတယ် ရေသောက်ပြီးမှသူမ‌ကိုင်ထားတဲ့ခွက်ကိုသေချာကြည့်တော့ ရွှေနဲ့ပြုလုပ်ထားတဲ့ခွက်ကလေးဖြစ်နေတယ်

*ဒါကြောင့်ရေအများကြီးမပါဘဲလေးနေတာကို နေပါအုန်း ဒါကရွှေအစစ်လား*

"မင်းသမီး ဘာဖြစ်လို့လဲ"

"အစစ်လား"

"ဘာကိုပြောချင်တာပါလဲ မင်းသမီးခမျ"

"ဟမ်း အော် ဒီခွက်ကအ wtf ဘယ်လိုခေါ်လိုက်တာ"

သူမအတွေးနဲ့သူမ ထိုလူရဲ့အမေးကိုပြန်လည်းမေးရင်းက ခေါ်ပုံကို အံ့ဪသွားရတယ် သူမလိုသာမှန်အရပ်သားကို မင်းသမီးလို့ခေါ်လိုက်တာက ဘာကြောင့်လဲ ကိုယ်တိုင်းမလုပ်ယူထားတဲ့ ဆယ်လီဘဝကိုတောင်မုန်းပါတယ်ဆို ယခုမင်းသမီးဖြစ်ရပြန်ပြီး

နန်းတွင်းတစ်နေရာကအချစ်Where stories live. Discover now