အပိုင်း (၂၁)

2.4K 70 0
                                    

Unicode
~~~~~~

"မေမေ"

လွန်း မေမေတို့အခန်းထဲဝင်လိုက်တော့ မေမေက အိပ်နေသည်။ မဟုတ် အိပ်ချင်ယောင်ဆောင်နေတာဖြစ်သည်။

"မေမေ လွန်းလာတယ်လေ မေမေလွန်းကိုစကားမပြောချင်ဘူးလား"

"ဘာလဲသမီးရယ် မေမေအိပ်ချင်နေလို့"

လွန်းအဲ့လိုပြောတော့ မေမေက ခန္ဓာကိုယ်ကိုတစ်ချက်တွန့်ကာသူမကိုပြန်ပြော၏။

"လွန်းကိုမစိမ်းကားပါနဲ့မေမေရယ် ကိုလင်းကလည်းသူ့မိဘဆီက အကုန်ကြားပြီးပါပြီ ပြီးတော့ မနက်ဖြန် ကိုလင်းမိဘတွေဒီကိုလာကြလိမ်မယ်"

"အို ရှုပ်ကရှုပ်နဲ့ဘာလာလုပ်ကြမလို့လဲ"

မေမေက လှဲနေရာမှ ထကာလွန်းအားကြည့်၍ပြောလေသည်။

"ပြီးတော့မေမေ သမီးကိုတစ်ခါတည်းပြောထားပြီးသား သမီးဟိုဖက်ကလူတွေနဲ့နေမယ်ဆို မေမေဆီမလာနဲ့တော့ပါဆို"

ဒေါ်သူဇာသွေးက လရိပ်လွန်းအား အသံမာကပြောလိုက်သည်။

"ဟင့် ဟင့် လွန်းလည်းစိတ်ညစ်လာပြီမေမေရယ် လွန်းဘယ်လိုလုပ်ပေးမှ မေမေနဲ့ပြန်အဆင်ပြေမှာလဲ ဒေါ်ဒေါ်အဲ့တာတွေကြောင့်ဆုံးသွားတယ်ဆိုပေမယ် ဟင့် ကိုလင်းမိဘတွေကလည်းအရင်ကတည်းက ချစ်သူတွေလေ ဒေါ်ဒေါ်ဆုံးသွားတော့ အန်တီသီတာက အရာအားလုံးစွန့်လွတ်ပြီးထွက်လာခဲ့တာ အန်ကယ်ထွန်းလင်းက ဒေါ်ဒေါ်နဲ့လက်ထပ်ပြီးဖောက်ပြားခဲ့တာမှမဟုတ်တာ ဒေါ်ဒေါ်ဆုံးပြီးမှယူကြတာ တကယ်ဆို ဒေါ်ဒေါ်ကသာကြားဖြတ်ယူသွားတယ်လို့ လွန်းထင်တာပဲ ချစ်သူရှိရဲ့နဲ့နောက်ဆုတ်ပေးခဲ့သင့်တာ အဲ့အတွက် အနည်းဆုံးတော့ ဒေါ်ဒေါ်အသက်မဆုံးရှုံးခဲ့ရလောက်ဘူး"

လရိပ်လွန်း သူမ၏မိခင်အား ဖြစ်ရပ်မှန်များပြောကာ နားဝင်အောင် မျက်ရည်တစမ်းစမ်းဖြင့်ပြောပြရသည်။

ထိုအခါမှ ဒေါ်သူဇာသွေးမှ သမီးဖြစ်သူအားကြည့်ကာ သက်ပြင်းတစ်ချက်ချကာ သမီးဖြစ်သူအားကြည့်ကာ

"ဟုတ်တယ် သမီးပြောတာမှန်တယ် ဒါပေမယ့် ခဲအို.ဦးထွန်းလင်းက သမီးဒေါ်ဒေါ်ဘာဖြစ်နေသလဲဆိုတာ တစ်ချက်မှဂရုစိုက်ခဲ့တာမဟုတ်ဘူး စာချုပ်မှာ လက်မှတ်တစ်ခုလေးထိုးယုံထိုးခဲ့ ပြီး သမီးဒေါ်ဒေါ်ကိုပစ်ထားတယ် ဒါကိုသိတဲ့ညီမတစ်ယောက်အနေနဲ့မေမေ ဘယ်လောက်နာခဲ့ရမလဲ ဘယ်လောက်ပဲမချစ်ပါစေ သတိထားခဲ့ရမှာပေါ့ သမီးပြောခဲ့သလိုပဲ အနည်းဆုံးတော့ သမီးဒေါ်ဒေါ်ရဲ့အသက်ကို မဆုံးရှုံးခဲ့လောက်ဘူး"

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Where stories live. Discover now