ဝေခွဲမရသောစိတ်အခြေနေ(ေဝခြဲမရေသာစိတ္အေျခေန)

1.1K 100 4
                                    

"မနက်စာစားသွား အိမ်ရှေ့ကမြင်းတွေကိုခြေဆေးတိုက်ထားပြီးပြီ ခဏနေမှပြန်ကြပေါ့"

"အမတော်နင့်မျက်နှာဆေးမကုဘူးလား"

"နေပါစေ နင်တို့တွေလာတိုင်းဒါပဲပြောနေကြတယ် မမောနိုင်ဘူးလား"

တစ်နှစ်တစ်ခါတောင်မတွေ့ဖြစ်တဲ့ဟာ ဒီစကားလေးတစ်ခွန်းပြောတာမောရမလား။

"ဒါကတော့အမသဘောပါလေကျွန်တော်တို့ခဏနေပြန်မယ်"

"လောလွန်းတယ်"

ရှောင်းကျန့်အမဖြစ်သူကိုဘာမှပြန်မပြောမိ။ ထိုအမျိုးသမီးသည်အသက်၂၀ကေျာ်မျှရှိမည်ထင်သည်။ အရပ်ခပ်ရှည်ရှည်ကရှောင်းကျန့်နှင့် ခေါင်းတစ်လုံးစာမျှပင်ကွာသည်။ထို့ကြောင့်အမျိုးသမီးများနှင်ယှဉ်လျှင်အတော်အရပ်ရှည်သည်ထြဲပါသည်။အသံကပြတ်ပြတ်သားသားဖြစ်နေသော်ငြား မောင်ဖြစ်သူအပေါ်တော့ကြင်နာသည်။နားဝင်ချိုအောင်မပြောတတ်ပေမဲ့ အပြုမူတို့မှတစ်ဆင့် ရှောင်းကျန့်အပေါ်မည်မျှသံယောစဉ်ရှိကြောင်းသိနိုင်သည်။

"လမ်းမှာစားဖို့မုန့်ထည့်ပေးလိုက်တယ်....ရှောင်းကျန့် နန်းသွေးလေးဖွားတဲ့အချိန်ငါ့တူလေးကိုငါ့စီခေါ်ခဲ့ဖို့မမေ့နဲ့ "

အမဖြစ်သူ၏အပြောကြောင့်ရှောင်းကျန့်မျက်မှောင်ကြုံ့ခါကြည့်လိုက်သည်။

"နိမိတ်ဖတ်ဖို့မဟုတ်ပဲ အဒောတစ်ယောက်အနေနဲ့တွေ့ချင်လို့"

"ငါသားတော်လေးရမယ်လို့နင့်ကိုဘယ်သူပြောလဲအမတော်"

"ပြောစရာမလိုပဲသိတယ် မွေးပြီး၂လနေရင်ငါ့စီခေါ်လာခဲ့"

"ကောင်းပြီ ငါပြန်တော့မယ်အမ အချိန်လင့်နေတော့မယ်"

"ကောင်းကောင်းသွား ဂရုစိုက်ဦး လမ်းမှာရန်သတ်မနေကြနဲ့ ကြားသလား ဝမ်ကျိုးချန် လျှိုဟွိုက်ခွမ်း"

"ဟုတ်ကဲ့အမတော်"

*******

"သခင်လေး"

"ပြော"

"အဲ့ဒါဘယ်သူ့ပုံပါလိမ့် နောက်ကျောကြီးပဲဆွဲထားတယ်"

"ဒီတိုင်းစိတ်ကူးပေါက်ရာလျှောက်ဆွဲထားတာ"

"သေချာကြည့်တော့....ဒါမင်းကြီးပုံနဲ့တူနေသလားလို့နော်"

ကြင်ယာတော်ဝမ်နှင့်အနောက်ဆောင်ရဲ့အရှုပ်တော်ပုံများWhere stories live. Discover now