Paper Rings

1.3K 117 6
                                    

Caution:/a bit of Taylor Swift content included

I like shiny things but I'd marry you with paper rings, that's right darling you're the one I want"

ကော်ဖီဆိုင်ထဲတွင် ပျံ့လွင့်နေသော Taylor Swiftရဲ့အသံကြောင့် ယူဂျင်း စိတ်ထဲတွင် ကြည်လင်သွားရသည်။ သူအကြိုက်ဆုံး အဆိုတော်နှင့် အကြိုက်ဆုံး သီချင်းဖြစ်တာကြောင့် လိုက်မဆိုဘဲ မနေနိုင်သဖြင့် တိုးတိုးလေးညည်းနေမိသည်။

အိမ်မှာ အမေနဲ့အဖေရဲ့ ချစ်ကြည်နူးတစ်တီတူးသည့် မြင်ကွင်းတွေနှင့် ကျီစားကြရာက ထွက်လာသည့် ပူညံပူညံအသံတွေကို မခံစားနိုင်တာကြောင့် နေ့ခင်းနေ့လယ်ဆို ယူဂျင်း လမ်းထိပ်က ကော်ဖီဆိုင်လေးမှာ စာလာလုပ်ဖြစ်သည်။

ကော်ဖီဆိုင်ပိုင်ရှင်ကောင်လေးမှာ အလွန်ပင်ချောကြောင်း၊ အရပ်အရှည်ကြီးနှင့် မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် ကောင်မလေးတွေကြား ရေပန်းစားကြောင်း ယူဂျင်း ခဏခဏကြားဖူးပေမဲ့ တစ်ခါမှလည်း အပြင်မှာ မမြင်ဖူးပါ။ ဒါ ယူဂျင်းနဲ့ဆိုင်တဲ့အလုပ်လည်း မဟုတ်ပါလေ။

ကော်ဖီဆိုင်နာမည်က White Tulipsဆိုတာကြောင့် အစကတော့ ပိုင်ရှင်ကို အမျိုးသမီးတစ်ဦးဖြစ်မည်ထင်ခဲ့ပေမဲ့ အမျိုးသားတစ်ဦးဖြစ်နေမည်လို့တော့ မထင်ခဲ့ရိုးအမှန်။ စပ်စုသည်ဆိုလည်း ဆိုတော့ ယူဂျင်း တစ်ခါလောက်တော့ ကော်ဖီဆိုင်ပိုင်ရှင်ကို မြင်ဖူးချင်သည်။

ဒီနေ့ အရေးကြီးသော assignmentတချို့တင်ရန် ယူဂျင်း ကော်ဖီဆိုင်သို့ မနက်၁၀နာရီလောက်ကတည်းက လာထိုင်ပြီး စာလုပ်နေခြင်းပင်။ ဒီဆိုင်က ဖွင့်ပေးသော သီချင်းအများစုမှာ ယူဂျင်းကြိုက်သော Taylorသီချင်းတွေဖြစ်တာကြောင့် ဆိုင်ရှင်ရဲ့အကြိုက်ကို တိတ်တိတ်လေးအမှတ်ပေးရတာလည်း ခဏခဏ။

"ဟယ် ဆိုင်ရှင်အကိုကြီးလာပြီဟဲ့"

"ချောလိုက်တာနော် ငါ့ရည်းစားသာ ဖြစ်လိုက်ပါတော့လား"

အေးအေးလူလူ တိတ်တိတ်ဆိတ်ဆိတ်ရှိလှသော ကော်ဖီဆိုင်လေးမှာ ခြေသံတရှပ်ရှပ်နှင့် ဝင်လာသော လူတစ်ယောက်ကြောင့် ခဏလေးအတွင်းမှာပင် ဆူညံသံများဖြင့် ပြည့်နှက်သွားရသည်။ ယူဂျင်းလည်း စာလုပ်ဖို့ရာ အာရုံမလာတော့တာကြောင့် စိတ်ထဲကနေ ကြိတ်၍သာ ကျိန်ဆဲလိုက်သည်။

l'etreinte(GyuJin)✔️Where stories live. Discover now