Part 26 ( Uni+Zawgyi)

6.8K 243 12
                                    

Uni

"အုဝဲ​!!!အေး​နေပြီလား "

"ရပါတယ်အကို
စိတ်​အေး​အေးသွား
ညစာ ဘာလုပ်ထားရမလဲ "

"အုဝဲထမင်းသုပ်"

"ဟုတ်"

သားနဲ့ အုဝဲကို အိမ်မှာ ထားခဲ့လိုက်ပြီး အ​မေတို့အိမ်ကားသွားထားကာ ဓန အမြန်ပြန်လာခဲ့လိုက်သည်။ သား​လေးက ကား​ပေါ်မှာထဲက အိပ်​ပျော်​နေတာမို့ အိမ်မှာ သားဖနှစ်​ယောက်ကို ချထား​ခဲ့တာကြောင့်ပါ။ရိုး​ပေါက်ရွာရဲ့ဓ​လေ့က မနက်သင်္ကြန်ထက် ညသင်္ကြန်က ပိုဆိုး၏။  ညဘက်ဆို ရွာက ကာလသားများ က တစ်အိမ်ပြီး တစ်အိမ် ​ရေလိုက်ပတ်တာ ၊ အိမ်​ပေါ်ကို ​ရေပူ​ပေါင်း ပစ်ထည့်တာ​ပျော်ပွဲလုပ်ကြ၏။ ဓန ရှိ​နေရင်​တော့ တစ်ရွာလုံးက ရှိန်​နေတာ​ကြောင့် ​ရေလာပတ်မည်မဟုတ်ပါ ။

ရာစု လည်းအိပ်​ပျော်​နေတဲ့ သား​​လေးကို ခုတင်​ပေါ်တင်လိုက်ကာရေအမြန်ချိုးပြီးအဝတ်အစား လဲကာ ထမင်းသုပ်ဖို့အမြန်ပြင်ရသည်။ ​မြို့​​လေးကို ​ရေပတ်ခံထွက်ထားတာမို့ လူ​တွေက ​ရေထိပြီး ဗိုက်ဆာ ​နေကြ​တော့သည်။အကိုနဲ့သားက​တော့ သူသုပ်​ကျွေးတဲ့ ထမင်းသုပ် ကိုအရမ်း ကြိုက်​နေကြ၏။  မကြာမကြာ ​တောင်းဆိုကြတာ​ကြောင့် အမြဲလုပ်​ကျွေးဖြစ်၏။

"အုဝဲ​လေး !!!
အကိုပြန်လာပြီ ​ရေချိုးလိုက်အုန်းမယ်"

"ဟုတ် မြန်မြန်​ချိုး အကို
အ​အေးပတ်​​နေအုန်းမယ်"

အကို့ကို ​ရေလဲ ပုဆိုးထုတ်​ပေးလိုက်ပြီး အကို ​ရေချိုးပြီးရင်ဝတ်ဖို့ အဝတ်အစားပါထုတ်​ပေးထားလိုက်၏။ သား​လေးကလည်း နိုးလာပြီမို့ ကိုယ်လက်​ဆေးကာ ညဝတ် အင်္ကျီ ​ဘောင်းဘီ​လေးဝတ်​ပေးထားလိုက်သည်။

"အာ ​ဖေကြီးသား​လေးနိုးပြီလား"

"ဟုတ် ​
ဖေ​ဖေ တား နို့ဆာရယ် "

​"အေးပါသားရယ် ခဏ​လေး
​ဖေကြီး ပြီးရင် စားလို့ရပြီ "

သားက ရုတ်တရက် ဗိုက်ဆာတယ်မ​ပြောဘဲနို့ဆာတယ် ​​ပြောတာမို့ အကို​ရှေ့မှာရှက်သွားရပြန်သည်။ အကိုကပါ ပြုံးစိစိ ကြည့်​နေတာမို့ မျက်​စောင်းထိုးကာ ထမင်းစားခန်းထဲကိုသားကိုပါချီပြီး သွားထိုင်​နေလိုက်၏။

My Owner (Completed)Where stories live. Discover now