The Astronaut💫 {Unicode}

1K 121 48
                                    

Unicode

ကျွန်တော် ယနေ့အိမ်အသစ်ကိုပြောင်းရမည်ဖြစ်တာကြောင့် အလုပ်အနည်းငယ်ရှုပ်လို့နေသည်။ အချို့ကတော့ ခန့်ညားပြီး အရာရာပြည့်စုံသည့် အိမ်ကြီးကိုထားခဲ့ကာ ရပ်ကွက်အသေးလေးထဲပြောင်းနေမည့် ကျွန်တော့်ကို ရူးနေလားဟုပင် ဝေဖန်ကြသည်။ ဒါမဲ့ ကျွန်တော် ဒါတွေဂရုမစိုက်ပါ။

ကျွန်တော်လိုချင်သည်က အေးချမ်းပြီး ဆိတ်ငြိမ်တဲ့ရပ်ကွက်လေးမှာ အပင်လေးတွေပျိုးကာ အေးဆေးနေချင်သည်။ ကုမ္ပဏီလုပ်ငန်းများဦးစီးကာ အမွေကိစ္စတွေနဲ့ ရှုပ်ယှက်ခက်နေသည့် အမျိုးတွေကိုလည်း ထပ်မမြင်ချင်ပါ။ ထို့ကြောင့် ကျွန်တော်ပိုင်ဆိုင်သည့် လုပ်ငန်းမှန်သမျှကို ငယ်ငယ်လေးထဲက ကျွန်တော့်ကိုစောင့်ရှောက်ပေးခဲ့သည့် အဒေါ်ဖြစ်သူ၏ မိသားစုထံသို့သာ လွှဲပေးခဲ့သည်။

အင်းး ကျွန်တော်က ငယ်စဥ်ဘဝတည်းက မိဘမဲ့တစ်ယောက်ပင်..

ကျွန်တော်နှင့် ကျွန်တော်တည်ထားတဲ့ မိဘမဲ့ဂေဟာလေးအတွက်ကတော့ ဝါသနာအရဖွင့်ထားတဲ့ ကျွန်တော့်စားသောက်ဆိုင်လေးရယ် အဒေါ်တို့ဆီက ပြန်ဝယ်ထားခဲ့တဲ့ ရှယ်ယာအနည်းငယ်ရယ်..ဒီလောက်ပါပဲ..ကျွန်တော်က ဘဝကိုအေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တာ။

"ဒုန်း! အ!"

"အို့ အစ်ကို အဆင်ပြေရဲ့လား"

အိမ်ငယ်လေးအတွင်း ပစ္စည်းတွေရွှေ့နေသည့် အလုပ်သမားအစ်ကိုတစ်ယောက်က သယ်နေသည့် ဆိုဖာခုံကို ပစ်ချကာ ဖင်ထိုက်ရက်ကျသွားသည်ကြောင့် ဆော့ဂျင်အပြေးသွားထူလိုက်သည်။

"ရတယ် အစ်ကိုလေး ကျွန်တော် ခေါင်းနည်းနည်း'မိုက်'ကနဲဖြစ်သွားလို့ပါ"

"ဒါဆို အစ်ကို အိမ်ထဲဝင်ထိုင်ပြီး ရေသောက်ပြီး ခဏနားနေလိုက်နော်..ကျွန်တော် ဒီဆိုဖာမတာ ဝိုင်းကူလိုက်မယ်"

"ဟာ မဟုတ်တာ အစ်ကိုလေးရာ.. ကျွန်တော်က လုပ်အားခယူထားတာပဲ.. ကျွန်တော် အဆင်ပြေပါတယ်.. ကျွန်တော်ပဲလုပ်ပါ့မယ်"

"ကဲ ကျွန်တော်ပြောတာသာ နားထောင်စမ်းပါဗျာ..ဟိုအစ်ကို ကျွန်တော်ဒီဘက်က မ,မယ်နော်..တစ်! နှစ်! သုံး! မ,ပြီဗျ"

The Astronaut💫Where stories live. Discover now