အပိုင်း 2

523 25 0
                                    

🌿ဖူးစာဆုံသည့် ဒဏ္ဏာရီ🌿 အပိုင်း 2

တိမ်ကင်းစင်သောကောင်းကင်နှင့် အနည်းငယ်ပူသော နေ့လည်ခင်း ☀️
ဆော့ဂျင်တို့ ရှီလာကနေထွက်လာပြီး တစ်ညအိပ်နှစ်ရက်မြောက်နေ့တွင် ဘတ်ဂျယ်ကိုရောက်လာတော့သည်
ဘတ်ဂျယ်ဂိတ်ဝတွင် သံတမန်ဟိုဆော့နှင့်တပ်သားများကကြိုဆိုရန်စောင့်နေသည်

hs-ခရီးဝေးဆက်လာရတာပင်ပန်းရောပေါ့ မင်းသားတို့ကို ဂါရဝပြုပါတယ် ဘတ်ဂျယ်ရဲ့ငြိမ်းချမ်းရေးသံတမန် ဂျောင်မျိုးနွယ် ဟိုဆော့ပါ ☺️

ဆော့ဂျင်၊ဂျီမင်နဲ့ထယ်ယောင်းတို့ကလည်း အသာဉီးညွှတ်ပြသည်

haera(ရှီလာသံတမန်)
hr-သံတမန်ဂျောင်ရဲ့ဂါရဝကိုလက်ခံပါတယ် ဘုရင်မရဲ့အမိန့်နဲ့ လာရောက်တဲ့ရှီလာရဲ့ငြိမ်းချမ်းရေးသံတမန် လီမျိုးနွယ် ဟယ်ရာပါ

hs-ဟုတ်ပါပြီ အရှင်မင်းကြီးအ‌ဆောင်တော်မှာစောင့်မျှော်နေပါတယ် နန်းတော်ကိုလိုက်ခဲ့ကြပါ

ဆော့ဂျင်တို့လည်း နန်းတော်သွားလိုက်ကြပြီး ဘုရင့်ခန်းမရောက်သော်...

king-စောင့်မျှော်နေခဲ့တာပါ နောက်ဆုံးတော့ရောက်လာခဲ့ပြီပေါ့

sj-မှန်လှပါ အရှင်

king-ဘုရင်မနေကောင်းကျန်းမာတယ်မဟုတ်လား

sj-ဟုတ်ကဲ့ မယ်တော်ကျန်းမာပါတယ်

king-ဘုရင်မကိုယ်စားလာတာဆိုတော့ ငါတို့ဘက်ကလည်းရိုသေသမှုထားမှာပါ ခရီးပန်းလာတာဆိုတော့ ဒီနေ့တော့ အနားယူကြစေလိုတယ်

sj-ကျေးဇူးတင်ပါတယ်အရှင်မင်းကြီး နှစ်နိုင်ငံပူးပေါင်းရာမှာလိုအပ်တဲ့ အရာတွေအတွက် မယ်တော်ရဲ့အကြံဉာဏ်ကို သဝဏ်လွှာနဲ့ပါးလိုက်ပါတယ်

king-ဆက်သစေ ..

ထို့နောက် ဘုရင့်အထိန်းတော်ကဆော့ဂျင်ထံမှသဝဏ်လွှာယူ၍မင်းကြီးကိုပေးလိုက်သည်

king-‌တာဝန်ကျေပါတယ် ငါသေချာပေါက်ဒီအကြံကိုထည့်သွင်းစဉ်းစားပါ့မယ် အခုတော့နားဖို့သင့်ပြီ ငါတို့ဘတ်ဂျယ်ရဲ့ခမ်းနားတဲ့အရာတွေကို ပြသချင်သေးတယ် အဲ့တာကိုတော့ ငါ့သားတော်နဲ့တူတော်တွေကိုအပ်ပါတယ်

🌿ဖူးစာဆုံသည့် ဒဏ္ဏာရီ🌿(Complete)Where stories live. Discover now