Part - 14

2.8K 142 5
                                    


Part - 14

                ချစ်သော  အညို

                    

မနက်အစောကြီးကားနဲ့ ပြန်သွားတဲ့ အညို့ကို
ကားဂိတ်လိုက်ပို့ပြီး အိမ်ပြန်ရောက်တယ်ဆိုရင်ပဲ လူက တစ်ခုခုလစ်ဟာနေသလို ခံစားလိုက်ရပါ
တော့သည် ။ အဆင်တွေပြေမနေဘူးနော်  ။
အချိန်ခဏလေးအတွင်းစိတ်ထဲမှ ဖျက်ကနဲပေါ်လာတဲ့စိတ်ကူးအား အညို့ကို ပြောပြချင်တာနဲ့ ဖုန်ဆက်လိုက်တော့ ကားပေါ်မှာမို့ ချက်ချင်းဖုန်းမကိုင်။
ခဏအကြာမှာတော့ ဖုန်းကိုင်လာပြီး

" မိုရ်! !  ဘာလဲ ပြောလေ "

" ကျွန်တော် အညို့ကိုပြောစရာ ကျန်နေသေးလို့ "

" ဘာကျန်နေသေးလို့လဲ "

" ဘာကျန်နေသေးလို့လဲဆိုတော့ ကျွန်တော်
ဒီတစ်ဖြတ် ကျောင်းပိတ်လို့ရွာပြန်လာရင် စီးပွားရေး စလုပ်တော့မယ်  ကျောင်းပြီးအောင် မစောင့်
တော့ဘူး "

ကိုယ့်ရဲ့ အဆုံးအစမရှိတဲ့ စကားကြောင့် အညိုက
အူတူတူတော့ဖြစ်သွားမှာသေချာသည် ။

" စီးပွားရေးလုပ်တာ ကောင်းပါတယ် ၊ ဒါနဲ့
ဘာလုပ်မှာလဲ "

" ဘာလုပ်ရမလဲဆိုတာကတော့ အိမ်ကျမှ တိုင်ပင်ရမယ်လေ ၊ ယောကျ်ားလေးနဲ့ အဆင်ပြေတဲ့
အလုပ်မျိုးလေးပေါ့ ၊ အိမ်ကဈေးဆိုင်ဆို အမက
ဦးစီးနေတာလေ ၊ အဲဒီဆိုင်ကရတဲ့အမြတ်မှန်သမျှက သူ့အတွက်ချည်းပဲ ၊အိမ်မှာဆိုရင် သူကချစ်တီးမ ၊ သူ့ဆီကနေ ပိုက်ဆံတစ်ခါထွက်ဖို့ကို  အော်ဟစ်တောင်းနေရတာ တော်တော်မောတယ် ၊ နောက်ပြီး ကျွန်တော်လည်း ဒီအသက်အရွယ်မှာ ပုံမှန်ဝင်ငွေလေးရတဲ့ ကိုယ်ပိုင်အလုပ်လေးတစ်ခုခု ရှိသင့်နေပြီထင်လို့ပါ "

" နေပါဦး မင်းက အခုကျမှ ဘာလို့ ပိုက်ဆံအသဲအသန် ရှာချင်နေတာတုန်း ၊ ကျောင်းပြီးဖို့က တစ်နှစ်တောင် မလိုတော့တဲ့ဟာကို "

ဒီတစ်ခါ အညိုမေးလာတဲ့စကားက ကိုယ်ဖြေချင်နေတဲ့အဖြေစကားနဲ့ကွက်တိ ။ အားရပါးရကြီးကို
ဖြေချလိုက်တော့သည် ။

" လိုတယ် အညိုရေ !လိုတယ် ၊ ကျွန်တော်
ကျောင်းပြီးတာနဲ့ အညို့ကိုလာတောင်းဖို့ ပိုက်ဆံ
လိုနေတယ် ၊ အဲဒီအချိန် အိမ်ကအမေဒေါ်ဒေါ်ချစ်က ပူညံပူညံလုပ်လာရင် ကိုယ့်လက်ထဲပိုက်ဆံရှိ
နေတော့ ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာမလိုဘူးပေါ့ ၊ အလုပ်လုပ်ချင်လာရတဲ့ အကြောင်းအရင်းကတော့ အဲဒါပဲ  ၊ ကျွန်တော် ယောကျ်ားလိုချင်နေ
ပြီ ၊ အညို့ကို ကြာလေ မခွဲနိုင်လေပဲ ၊ အဲဒီတော့ လိုချင်တဲ့ယောကျ်ားကို ရက်ရက်ရောရောအမ်းနိုင်ဖို့အတွက် ပိုက်ဆံရှာရတော့မယ် ၊ ရှင်းရှင်းပြောရရင် ယောကျ်ားတင်တောင်းဖို့ ပိုက်ဆံရှာချင်နေတာ "

ချစ်သော အညို ( ခ်စ္ေသာအညိဳ ) Uni+ZawDonde viven las historias. Descúbrelo ahora