မဆုံသောလမ်း (၁)

9 1 0
                                    

ကောင်းကင်ကြီးကအုံ့မှိုင်းနေကာ
လေများသည်လည်းမတိုက်ဘဲနဲ့
ငြိမ်သက်နေ၍ ကျေးငှက်တို့သည်လဲ
ပျံဝဲလျက်ရှိကြသည် ကျီးငှက်တို့သည်လည်း
တစာစာအော်မြည့်နေသောဤသုသာန်၌
ကောင်းလေးတစ်ယောက်တဖြည်းဖြည်း
ချည်းနှင်းဝင်ရောက်လို့လာပေသည်
လက်ထဲတွင်လည်းနှင်းဆီအဖြူရောင်ပန်းစီး
ကိုင်ဆောင်လျက်သုသာန်အတွင်းပိုင်း
တစ်နေရာသို့အရောက်သူ၏
ခြေလှမ်းများသည် တမဟုတ်ချင်း
ရပ်တန့်သွားလေသည် သူရပ်တန့်လိုက်သောနေရာမှာ အုတ်ဂူတစ်ဂူ၏ရှေ့၌ဖြစ်လေသည် ထို့နောက် သူနှင့်အတူပါလာသော
အဖြူရောင်နှင်းဆီပန်းစီးလေးအား
ထိုအုတ်ဂူ၏ရှေ့၌ထား၍ မထင်မှတ်ထားစွာဖြင့်ပြုံးလေသည် သို့သော်သူ၏အပြုံး၌
ပျော်ရွှင်ခြင်းဆိုသည့်အရာမရှိသည်မှာ
ဧကန်ပင်ဖြစ်နေသည်မျက်လုံးတို့သည်လည်း
မျက်ရည်များအိုင်ထွန်းနေကာ မငိုမိစေရန်
ထိန်းထားသည်မှာမျက်သားများပင်
နီရဲနေသည်
"ကိုယ်ရောက်လာပြီလေငယ်
ကိုတောင်းပန်ပါတယ်
အရာအားလုံးကိုယ့်အပြစ်တွေပါ
မင်းကိုအဲ့ဒီ့နေ့က နည်းနည်းလေးသာ
စောရောက်ဖြစ်ခဲ့ရင် မင်း
ဒီလိုဖြစ်ဆိုးမျိုးနဲ့ကြုံရမှာမဟုတ်ဘူး"
ထိုအမျိုးသားသည်အုတ်ဂူ၏ရှေ့တွင်
ဒူးထောက်ကာ" တောင်းပန်ပါတယ်"ဆိုသော
စကားကိုပဲထပ်ကာကာရေရွတ်ပြီး
ငိုကြွေးနေသည်မှာကလေးငယ်လေးများ
စာသင်နေသည့်အတိုင်းပင် အားရအောင်
ငိုပြီးသည်နှင့်ထိုသုသာန်ထဲက
ထွက်သွားသည်မှာဘယ်တုန်းကမှ
ဤသုသာန်ထဲတွင်မည်သူတစ်ဦးတစ်ယောက်မျှမငိုကြွေးဖူးသဏ္ဍာန်ပင်
သို့သော်ထွက်ခွာသွားသော ထိုအမျိုးသား၏
ကြေပြင်လေးသည်ကြေကွဲဝမ်းနည်းစွာဖြင့်
ခပ်သေးသေးလေးသာဖြစ်နေပေတော့သည်

၇.၈.၂၀၂၂

ဘာအပူအပင်မှမရှိတဲ့ကျောင်းသားဘဝ
သိပ်တန်ဖိုးထားချင်စရာ
မကောင်းလွန်းဘူးလား
သူငယ်ချင်းတွေနဲ့စာအတူသင်မယ်
ဆရာဆရာမတွေရဲ့ဆုံးမမှုများကို
နားထောင်ပြီး မရင့်ကျက်သေးသော
လူငယ်ဘဝကိုပျော်ပျော်ကြီး
ဖြတ်သန်းကြမယ် လူငယ်ဘဝဆိုတော့လည်းရည်းစားတဏုာကိစ္စဆိုသည်မှာလည်း
မပါမဖြစ်ကိစ္စထဲကတစ်ခုပင်ဖြစ်လေသည် တချို့လူများသည်ကျောင်းသားဘဝကတည်းကချစ်သူရည်းစားဆက်ဆံရေးသည် သက်ဆုံးတိုင်ထိတည်မြဲသွားကြသော်လည်း အချို့အချို့သောဆက်ဆံရေးများသည်လူငယ်ဘဝအပျော်သဘောအဖြစ်သာ ဆက်ဆံရေးပျက်စီးသွားလေသည်
သို့သော် မင်းဥက္ကာဆိုသောကျွန်တော့်လို
ကောင်စားမျိုးကတော့အချစ်ကို
အပျော်အပျက်ကစားစရာတစ်မျိုးလို
မယူဆတတ် ချစ်ပြီဆိုတာနဲ့ထိုလူ့အပေါ်
အရာအားလုံးကိုပုံအပြီးချစ်မယ့်အချစ်မျိုး
ထိုနေ့ကသူ့ကိုကျောင်းကန်တင်းမှာ
တွေ့လိုက်တယ် လည်ကတုံးအဖြူလေးကိုမှ
ယောပုဆိုးအနက်လေးနဲ့တွဲဝတ်ထားသည့်
သူ့ပုံကိုကျွန်တော့်နှလုံးသားထဲမှာမှတ်ကျောက်တင်သွားသည်အထိစွဲလန်းသွားခဲ့သည် မြင်မြင်ချင်းအချစ်လို့ပဲပြောရမှာလား ထိုပုံရိပ်ကလေးကသိပ်ကို
လှလွန်းနေလို့ ကျွနတော့်မှာသွာလဲဒီစိတ်
စားလည်းဒီစိတ်နဲ့အခက်တွေ့ခဲ့ရလေသည်
သူ့အကြောင်းကိုကျောင်းထဲစုံစမ်းကြည့်တော့ ကျွန်တော်တို့မေဂျာကဂျူနီယာလေး
ဖြစ်နေတယ် တိုက်ဆိုက်မှုလား ရေစက်လား
ထိုအချိန်ကထိကျွန်တော်သည်များများစားစား မစဥ်းစားနဲ့ နောက်ပိုင်းတွင်တော့
ကျွန်တော်ဘက်ကနေစပြီးသူ့ကိုသွားမိတ်ဆက်ခဲ့လေသည်
"ဒီခုံမှာလူရှိလားမသိဘူး"
"မရှိပါဘူး ထိုင်ချင်ရင်
ထိုင်လို့ရပါတယ်ဗျ"
ဘယ်လောက်တောင်ယဥ်ကျေးလိုက်တဲ့ကလေးလေးလဲစကားပြောတာတာင် "ဗျ"
လို့ထည့်သုံးသေးတယ် ထိုင်ခုံမှာလူမရှိတာသေချာတော့မှကျွန်တော်သည်သူ၏နဘေးတွင်ဝင်ထိုင်နေခဲ့သည်
"ဒီကညီလေးနာမည်က"
"မိုးဝသုန်လို့ခေါ်ပါတယ်အစ်ကို"
နာမည်လေးကမိုးဝသုန်တဲ့ အစ်ကို့ရင်ခွင်ထဲကိုသာအေးမြသွားအောင်မိုးရွာပေးလိုက်တော့ပါလားဝသုန်ရယ်
"အစ်ကို မင်းဥက္ကာပါ
ရင်းရင်းနှီးနှီး ဥက္ကာလို့ပဲခေါ်ပေါ့"
"ဟုတ်ကဲ့ပါ ကိုဥက္ကာ"
"ဒါနဲ့မင်းကဘယ်မေဂျာကလဲ"
"စီးပွားရေးကပါ"
"အစ်ကိုကလဲစီးပွားရေးကပဲ"
သိနေပြီးသားအဖြေကိုသူ၏နှုတ်ခမ်းပါးလေးကကြားလိုက်ရသည်မှာဘယ်သောအခါမှ မသိခဲ့ဘူးသယောင်ပင်
"မင်းကဘယ်နှစ်ကလဲ"
"ကျွန်တော်ကပထမနှစ်ပါ"
"အစ်ကိုကတတိယနှစ်က
နောက်အကူညီလိုရင်ပြောပေါ့"
"ဟုတ်ကဲ့ပါအစ်ကို"
ထိုသို့စကားပြောကောင်းနေသောအချိန်တွင်
စားပွဲထို့းလေးလာသည်နှင့်စကားပြတ်သွားလေသည် မှာစရာရှိတာမှာပြီးသည်နှင့်
စာပဲထိုးလေးပြန်သွားသည်နှင့် ပြောစရာ
စကားမှာအစပြတ်သွားလေသည်
"ဒါနဲ့မင်းမှာချစ်သူရှိလား"
ဒီတစ်ခေါက်မေးလိုက်သည့်မေးခွန်းမှာ
သူတစ်ပါး၏ကိုယ်ရေးကိုယ်တာကို တအား
စွက်ဖက်သည်ရှိသော်လည်း ပါးစပ်ကမနေနိုင်မေးမြန်းမိလေရာ မေးပြီးမှပင်
မေးမိသည့်ပါးစပ်ကိုပိတ်ရိုက်ချင်စိတ်များပေါက်လာလေသည်
"မရှိပါဘူးအစ်ကို
အချစ်ရေးကိစ္စကို စိတ်မဝင်စားသေးလို့ပါ"
ဖြေပြီးမှပင်ဝသုန်၏နားရွက်ဖျားများပင်
ပန်းသီးလေးပမာ ခပ်ဖျော့ဖျော့ရဲလာပေသည် သိပ်ကိုမျက်စိပဒေသာရှိလှ၏
"အစ်ကိုလည်းမရှိဘူးပဲ
ဒါပေမဲ့စိတ်ဝင်စားနေတဲ့သူတော့ရှိတယ်"
"ဒါဆိုအစ်ကိုက မလိုက်ဘူးလား"
"ခုမှလိုက်ဖို့စဥ်းစားနေတုန်းရှိသေးတယ်"
"ဘာတွေစဥ်းစာနေတာတုန်းအစ်ကိုရ
ဘဝကတိုတိုလေးတင် ချစ်တဲ့သူကို
ချစ်တယ်လို့ပြောခွင့်မရမှတော့ လူဖြစ်ရတဲ့
ဤဘဝ ဘာကိုလူဖြစ်ရကျိုးနပ်တယ်လို့
ခေါ်နိုင်ဦးမှာလဲ"
"ဒါဆိုအစ်ကို ညီီ့ကိုလိုက်လို့ရမလား"
"ဗျာ ကျွန်တော့်ကိုလား"
သူ့ကိုယ်သူလက်ညှိးထိုး၍ အံ့သြသွားသည်
ပုံလေးနှင့်ပြောနေသည်မှာချစ်စရာအတိပင်ဖြစ်နေသည်မှာ ငယ်တစ်ကယ့်ကိုမသိတာများလားကွာ

You've reached the end of published parts.

⏰ Last updated: Mar 11 ⏰

Add this story to your Library to get notified about new parts!

ဝတ္ထုတိုWhere stories live. Discover now