part 1 uni and zg

187 11 24
                                    

မီးရောင်စုံထွန်းလင်းနေပြီးဆူညံလှတယ့်Gay Barတစ်ခု။
ဒီတခေါက်လာရတာကအရောင်းအ၀ယ်ကိစ္စကြောင့်ဖြစ်သည်။
အခါတိုင်းသူကိုယ်တိုင်မလာဖူးပေ။
ဒီတခါတော့သူကိုယ်တိုင်လာမှဖြစ်တာကြောင့်မနှစ်သက်တယ့်နေရာကိုလာခဲ့သည်။

"ဘာကိစ္စရှိလို့လဲ"

အစောင့်ဖြစ်တယ့်လူကခပ်ပြတ်ပြတ်မေးလာလေသည်။

"မင်းတို့ Bossနဲ့တွေ့ဖို့ချိန်းထားတယ်"

"Ok ၀င်သွားလိုက်ပါ"

ရုံးခန်းတံခါးကိုဖွင့်ပေးလိုက်တော့ခြေလှမ်းတွေကအထဲကိုသာဦးတည်တော့သည်။

ရုံးခန်းအပြင်အဆင်တွေကတစ်ယောက်သောသူရဲ့အကြိုက်နဲ့ဆင်တူနေသယောင်။
အရောင်တွေကအစ။
သာမန်ကိစ္စလေးတွေလောက်ဆိုသူမလာပေ။
အခုကတွေ့ရမယ့်သူကကိုယ့်လိုလူပဲလေ။
ရုံးခန်းအနှံ့ကိုလျှောက်ကြည့်ပြီးတော့သံသယစိတ်တွေကတဖွားဖွား။
ဒီကbossကသူထင်နေတယ့်သူလား။

အတွေးဆုံးသည်နှင့်တပြိုင်နက်တံခါးဖွင့်သံကိုကြားတော့သည်။
ခြေလှမ်းတွေရဲ့အသံရောပေါ့။
သေချာတယ် မိန်းကလေးတစ်ယောက်။
bossဆိုတာgirlတယောက်ပဲ။
လှည့်မကြည့်ဘဲဆုံးဖြတ်လိုက်တယ့်girlဆိုတာမှန်ပါ့မလား။

"ထိုင်ပါဦး "

သြရှရှအသံလေး။
ရုံးခန်းထဲ၀င်လာကတည်းက၀င်နေတယ့်သံသယတွေကအသံလေးကိုကြားမှပျောက်သွားတော့တယ်။

သူ့ဘေးနားကနေဖြတ်သွားတယ့်ခြေထောက်တစုံ။
ဆုံလည်ခုံပေါ်မှာခြေချိတ်ကာထိုင်လိုက်တယ့်သူမက......

"လာရင်းကိစ္စက..."

"လာရင်းကိစ္စကိုသိပြီးလောက်ပြီထင်ပါရဲ့ ...."

ဆိုဖာဆီကိုလမ်းလျှောက်သွားရင်းပြောလိုက်တယ့်စကားခပ်ပြတ်ပြတ်။

မပြောင်းလဲဘူးပဲ။
ထင်နေတယ့်အတိုင်းပဲ။
မတွေ့တာကြာတော့မင်းလေးကပိုပြီးရင့်ကျက်လာတာလား။

.........
အချိန်တော်တော်ကြာသည်အထိစကားပြောပြီးနောက်ပစ္စည်းကိစ္စကိုလက်ဆသတ်လိုက်တော့သည်။
ထို့နောက်ထပြန်တော့မယ့်သူ့ကို ခပ်တိုးတိုးအသံလေးကတားနေပြန်သည်။

Daddy ' s    BunnyWhere stories live. Discover now