"ဝှါး"
Ollieတစ်ယောက် အပျင်းကြောဆန့်ပြီး ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်တော့ တစ်ခန်းလုံးမှာသူတစ်ယောက်ပဲရှိနေတယ်။
"ဟမ်...ကျောင်းဆင်းသွားတာလား"
အိုလီအလန့်တကြား နာရီကိုကြည့်လိုက်တော့ 12:40။
"ထမင်းစားချိန်ပဲ...ငါ့ကိုလဲဘယ်သူမှာမနှိုးသွားဘူး"
Ollieကနှုတ်ခမ်းဆူပြီး စာသင်ခန်းထဲကအမြန်ထွက်သွားလိုက်တယ်။မနေ့ညကဂိမ်းဆော့လိုက်တာ မနက်၃နာရီလောက်မှအိပ်ပျော်သွားတယ်လေ ။အခုဆိုညကကျေးဇူးကြောင့် သူ့ရဲ့ပထမဆုံကျောင်းတက်တဲ့နေ့မှာ ဘယ်သူ့ကိုမှမနှုတ်ဆက်ပဲအိပ်ပျော်သွားတာပေါ့။
တကယ်တော့ သူကထမင်းစားချိန်ကို ဘယ်သူ့မှ သူ့ကိုလာမနှိုးလို့ အခန်းထဲကလူတွေကိုကလေးလေးတစ်ယောက်လိုစိတ်ကောက်နေတာဖြစ်တယ်။
---
ကံကောင်းတယ်ပြောမလား ကန်တင်းကိုရှာစရာမလိုပဲ တည့်တည့်မတ်မတ်ရောက်လာလို့ စားစရာကိုသူမြန်မြန်ပဲမှာလိုက်တယ်။"အန်တီtonkatsuတစ်ပွဲ"
သူမှာထားတာတွေရတော့ ပန်းကန်ကိုင်ပြီးခပ်သွက်သွက်သွားလိုက်တယ်...ထမင်းစားချိန်ပြီးတော့မယ်လေ။
ဒါပေမယ့် အကွေ့တစ်နေရာရောက်တော့ အိုလီအရှိန်မထိန်းနိုင်ပဲ တစ်ဖက်ကလာတဲ့လူကိုတိုက်မိသွားတယ်။
"ခွမ်း"
စတီးပန်းကန်ပြားကျသံကြောင့် ကန်တင်းမှာရှိတဲ့လူတွေအာလုံးရဲ့အကြည့်က သူတို့နှစ်ယောက်ဆီမှာ။
*သွားပါပြီ*
လျှိုအိုလီတစ်ယောက်စောစောစီးစီးပြဿနာကိုမီးမွှေးရှာမိပြန်တယ်။
တစ်ဖက်လူကိုဖြတ်ခနဲမော့ကြည့်လိုက်တော့ မျက်မှောင်ကြုံ့ပြီး သူ့ကိုစိုက်ကြည့်နေတာကိုတွေ့တယ်။အဲဒီအကြည့်တွေကြောင့် အိုလီတို့လန့်ဖြန့်ကာ ချက်ချင်းကိုခေါင်းပြန်ငုံ့လိုက်တယ်။ထိုလူရဲ့အင်္ကျီမှာ ဟင်းအနှစ်တွေကပေလို့။
*အားးးးး မေမေရေကယ်ကြပါအုန်း*
အိုလီလန့်လွန်းလို့ သူ့အမေကိုပဲတမ်းတမိသွားတယ်။
![](https://img.wattpad.com/cover/339885590-288-k880284.jpg)
YOU ARE READING
The Idol University (Boys Planet Short Stories)
General FictionBoys planet short stories