To become your lover[Jiwoong×Matthew](2)

399 32 1
                                    

*တင်*
Messageသံကြောင့်မက်သရူးဖုန်းကိုကြည့်လိုက်တယ်။
'မနက်ဖြန် ငါ့ကို***ဘတ်စ်ကားမှတ်တိုင်မှာစောင့်နေ ပြီးတော့မနက်စာအတွက်ပေါင်မုန့်နဲ့အမေရီကာနိုတစ်ခွက် ဝယ်ထားပေး'
"ဟင်အဲတာဆိုပိုက်ဆံကရော"
ဘယ်လိုပဲသူခိုင်းသမျှလုပ်ပေးရမယ်ပြောပြော ပိုက်ဆံတော့မစိုက်ချင်ပါဘူး။
*တင်*
'ပိုက်ဆံကငါနဲ့တွေ့ရင်ပြန်ယူပါ'
ဂျီဝွန်းကသူ့စိတ်ကိုသိသည့်အလားပြောလာတဲ့စာတွေ့မှ မက်သရူးစိတ်အေးသွားတယ်။

Day 1

"စီနီယာဂျီဝွန်း ဒီမှာ"
မက်သရူးကဂျီဝွန်းကို ပေါင်မုန့်၊ကော်ဖီ နဲ့ ပြေစာကိုကမ်းပေးလိုက်တယ်။ဂျီဝွန်းက မက်သရူးပေးတာကိုယူပြီး သူ့အိတ်ထဲ ဝမ်၁သောင်းကမ်းပေးလိုက်တယ်။

"ကျေးဇူးပါ မက်သရူး" ဂျီဝွန်းက မက်သရူးကိုကြည့်ပြီးပြုံးလိုက်တယ်။

ဂျီဝွန်းရဲ့အပြုံးတွေကအရမ်းစွဲဆောင်မှုရှိလို့ မက်သရူးအကြည့်မလွှဲပဲ ငေးမိသွားတယ်။ဂျီဝွန်းကဆွဲဆောင်မှုရှိတာသူသိပါတယ်။ဒါပေမယ့် ဂျီဝွန်းရဲ့အပြုံးက သူ့ကိုဒီလောက်ထိညှို့ယူသွားလိမ့်မယ်လို့သူမတွေးမိခဲ့။

"ငါ့ကိုပဲငေးမနေနဲ့အုန်း ဟိုမှာဘတ်စ်ကားလာနေပြီ"

"ဟ ဟုတ်"
လူမိသွားတဲ့မက်သရူးကရှက်ကိုးရှက်ကန်းနဲ့ဘတ်စ်ကားပေါ်ပြေးတက်လိုက်သည်။အနောက်က ဂျီဝွန်းရဲ့တိုးဖွဖွရယ်သံကိုပါကြားလိုက်ရတော့ မက်သရူးရဲ့နားရွက်တွေပါနီရဲလာတယ်။

*တင်*
'ကန်တင်းက***ဝယ်လာပြီး ငါရှိနေကျနေရာကိုလာခဲ့'
မက်သရူးကြည့်လိုက်တော့ ဂျီဝွန်းဆီကmessageဖြစ်နေတယ်။ဒါပေမယ့် မနက်တုန်းကကိစ္စကြောင့် မျက်နှာချင်းမဆိုင်ရဲသေးလို့ ဒါကိုလျစ်လျူရှုပြီးသူ့သူငယ်ချင်းနဲ့သာ ကန်တင်းကိုရောက်လာခဲ့တယ်။ဖုန်းကိုsilentပါလုပ်ထားတဲ့မက်သရူးက ဂျီဝွန်းဆက်ပို့လာတဲ့messageတွေကိုမမြင်တော့ပါ။

အန္တရာယ်ကိုမမြင်တဲ့ မက်သရူးကတော့ကန်တင်းကအပြန်သူ့သူငယ်ချင်းတွေနဲ့ပျော်ရွှင်စွာ စကားပြောနေလေရဲ့။

---
မက်သရူးသန့်စင်ခန်းသွားတဲ့လမ်းမှာ ကြီးမားတဲ့လက်တစ်စုံရဲ့ဆွဲယူခြင်းခံလိုက်ရတယ်။

The Idol University (Boys Planet Short Stories)Where stories live. Discover now