Part-3.1

595 75 0
                                    

Chapter 3.1

နောက်တစ်နေ့မနက်တွင် ယီဟွေ့က ပန်းချီပြိုင်ပွဲဝင်လိုသည်ဟု ကျန်းရွှယ်မေ့ကို ပြောခဲ့သည်။ ကျန်းရွှယ်မေ့က ဝမ်းသာသွားပြီး မနက်စာချက်ပြုတ်နေလက်စကို ပစ်ထားလိုက်ကာ အထုပ်အပိုးများ စတင်ပြင်ဆင်တော့သည်။

" ဟိုမှာ တော်တော်အေးနေပြီ အဝတ်အစားထူထူတွေ ထည့်သွားရမယ်... ပြီးတော့ မက်စ်တွေလည်း ပြင်သွားရမယ်..."

မနက်စာမစားရသေးသော ကျန်းယီမန့်က မပျော်မရွှင်ဖြင့် စားပွဲကိုရိုက်ချလိုက်ပြီး သတိပေးလိုက်သည်။

" ရက် နည်းနည်းလိုသေးတာပဲကို ဘာတွေလောနေတာလဲ..."

နေ့လယ်ခင်း နေထွက်လာချိန်တွင် ယီဟွေ့က စတူဒီယိုထဲရောက်နေပြီး ပန်းချီကားများ စီနေသည်။ ကျန်းရွှယ်မေ့က အပြင်ဘက်မှ အိမ်နီးနားချင်းများကို အသံကျယ်ကျယ်ဖြင့် ပြောနေသည်ကို သူကြားလိုက်ရသည်။

" ယီဟွေ့က မြို့မှာ ပန်းချီပြိုင်ပွဲသွားပြိုင်မယ်တဲ့ ကျွန်မတို့ ရက်နည်းနည်းလောက်တော့ သွားရဦးမယ် အဲ့အချိန်အတွင်း ကျေးဇူးပြုပြီး ယီမန့်ကို ဂရုစိုက်ပေးပါဦး... အာ... ချီးကျူးတာ ကျေးဇူးပါပဲ ကျွန်မတို့ပြန်လာမှ လက်ဆောင်တွေ ဝယ်ခဲ့မယ်နော်..."

သူမ စကားလုံးများက ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။

ဤမိသားစုက မြို့တော်သို့မပြန်သည်က အချိန်အတန်ကြာပြီဖြစ်ကြောင်း ယီဟွေ့မှန်းဆလိုက်မိသည်။ ဤတစ်ကြိမ် ပြိုင်ပွဲတွင်ပါဝင်ရန် သဘောတူလိုက်ခြင်းက သူ၏ကုသခြင်းလုပ်ငန်းစဉ်များကို ရှေ့ဆက်တိုးနိုင်ပြီး အကောင်းဘက်သို့ရောက်လာသည်ဟု မှတ်ယူနိုင်ပေသည်။ သူမက မိခင်တစ်ယောက်ဖြစ်၍ ပျော်ရွှင်နေမည်မှာ သဘာဝပင်။

သူတို့ နောက်တစ်ပတ်သွားမည့်ခရီးအတွက် ယခုချိန်တည်းက လက်မှတ်ကြိုမှာထားခဲ့သည်။

မြို့က ခေါင်ဖျားသောနေရာတွင်ရှိသောကြောင့် ရထားများက ဤနေရာအထိ ရောက်မလာကြ၍ မြို့သို့ ကားဖြင့်သာ သွားနိုင်ပေသည်။ ကျန်းရွှယ်မေ့နှင့် သဘောတူညီချက်ယူပြီးသည့်အခါ ယီဟွေ့က ရထားလက်မှတ်ကို လိုင်းပေါ်မှမှာယူရန်အတွက်  ကွန်ပျူတာ ငှားရမ်းရမည်ဖြစ်သောကြောင့် ယီမန့်၏ အခန်းတံခါးကို ခေါက်လိုက်သည်။

မျောလွင့်နေသောပြာမှုန်များ Where stories live. Discover now