UTI __ 18 __ U & Z

6.5K 315 151
                                    

      နောက်နေ့မနက်အိပ်ယာမှနိုးတော့ ရိပေါ်အလုပ်သွားဖို့အတွက် ရှောင်းကျန့်သေချာပြင်ဆင်ပေးနေတယ်။ကုမ္ပဏီ Suit ကိုစမတ်ကျနေအောင်ကူဝတ်ပေးနေရင်း ယောကျာ်းရဲ့ချောမောခန့်ညားမှုကို အမှတ်ပြည့်ပေးနေမိတာ။ထိုယောကျာ်းအားပိုင်ဆိုင်ခဲ့ရသော မိမိကိုယ်ကိုဂုဏ်ယူမဆုံးဖြစ်နေမိတဲ့ ရှောင်းကျန့်တစ်ယောက် ရိပေါ်ရဲ့ရှပ်လက်ရှည်ကိုကြယ်သီးတွေ ကူတွယ်ပေးရင်းကြည်ကြည်နူးနူးလေးကို ပြုံးနေမိတော့တာ။

      " မွ...ဘာတွေပြုံးနေတာလည်း မောင့်အသဲလေးရဲ့ "

      " မင်းကိုချစ်လို့ထင်ပါတယ် အဟင်း "

      " ဟောဗျာ ပြွတ်စ်.. ငုံထားချင်လာအောင်ပြောနေတာပဲ မင်းရယ်.. "

      " အာ မင်းနော်...ခဏ ခဏ နမ်းနေတာပဲ။မင်းဆိုတဲ့ကောင်က ငါ့ကိုဆိုသိပ်အသားယူတာ "

      စကားတွေပြောပြီး လစ်သလိုနမ်းနေတဲ့ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်နေရခက်လာပြီးမျက်နှာလေးရဲတက်လာသည်။ရိပေါ်နဲ့ယူတာကြာပြီဖြစ်သော်လည်း နဂိုကတည်းကရှက်တတ်တဲ့ညာဥ်လေးကတော့ ဘယ်တော့မှပျောက်သွားမည်မဟုတ်ပါ။

      " ချစ်လို့လေကွာ..မောင် နမ်းတာမကြိုက်ဖူးလား မင်းရယ် "

      " ရိ..ရိ..ပေါ်..ငါ့ကိုလွှတ်ပေး.."

      " မောင် လို့ခေါ် "

      " အဲ့လို အနိုင်မကျင့်ပါနဲ့ဆို "

      ရိပေါ်ဟာ ရှောင်းကျန့်ရဲ့ခါးကျဥ်းကျဥ်းလေးကို လက်ဖဝါးကြီးနဲ့ဆွဲပွေ့ကာ ကျန်လက်တစ်တစ်ဖက်ကရှောင်းကျန့် မျက်နှာလေးကိုမေးစေ့လေးမှ မော့ယူပြီးနှာခေါင်းချင်းထိတိုက်ပစ်လိုက်တာမို့ အရှက်ကဲလေးကပိုလို့ရှက်နေခြင်းသာ။နုတ်ကငြင်းနေပေမဲ့လည်း ခန္ဓာကိုယ်တစ်ခုလုံးကတော့ ရိပေါ်ရင်ခွင်ထဲစုန်းစုန်းမြုပ်နေရပြီ။

      " မောင် လို့ခေါ်.. ယောကျာ်းလို့ခေါ်ရင် ပိုကြိုက်တယ် "

      " လူယုတ်မာကြီး "

      " ခေါ်ပါကွာ "

      " မောင် "

      " ဗျာ.."

Under The Influence __ UTI { Completed }Where stories live. Discover now