အချစ်ရဲ့နေကြာChapter5

33 4 0
                                    

မင်းသူနကခပ်ဆိုးဆိုးကောင်လေးသဖွယ် အဖြူရောင်လက်ပြတ်အင်ကျီအပေါ်မှာအသားပွပွအနွေးထည်အနက်ရောင်နှင့်အနက်ရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားတယ်။သူ၏ရွှေဝါရောင်ဆံနွယ်တို့ကိုဂျယ်ဖြင့်နဖူးအပေါ်သို့သပ်ထားသည်။မင်းသူနက ကားသော့ကိုလက်ချောင်းကလေးများဖြင့်လှည့်ကာ ကစားနေပြီးအိမ်အောက်ထပ်သို့ဆင်းလာတယ်။ နောက်ပြီးသူ၏ အနက်ရောင်ကားဆီသွားဖို့လုပ်နေစဉ်

"မင်းသူန"

မင်းသူနအနောက်သို့လှည့်ကြည့်လိုက်သည်။အနက်ရောင်ကုတ်အင်ကျီနဲ့ဘောင်းဘီရှည်ကိုဝတ်ဆင်ထားတဲ့မင်းသူန၏ဖခင်ဉီးလင်းထွဋ်ခေါင်နဲ့ သွေးလိုသဖွယ်နီမြမြပွဲတက်ဂါဝန်ကိုဝတ်ဆင်ထားသောဉီးလင်းထွဋ်ခေါင်၏ဇနီးဖြစ်သူဒေါ်သူဇာမြိုင်။ ဒေါ်သူဇာမြိုင်ဆိုသူသည် မင်းသူန၏မိထွေး။မင်းသူနမုန်းသောအမျိုးသမီးတစ်ယောက်။

မင်းသူနကဂရုမစိုက်သလိုအမူအယာနဲ့ပြန်မထူး။မင်းသူနရဲ့အမူအယာတွေကိုဖအေဖြစ်သူကအမြဲစိတ်ပျက်နေရတယ်။

"မင်းဘယ်ကိုသွားမလို့လဲမင်းသူန!"

"ခင်ဗျားကြီးနဲ့မဆိုင်ဘူး"

"တောက်စ်..မွေးရကျိုးမနပ်တဲ့ကောင်!"

မင်းသူနကခပ်မာမာအပြုံးနဲ့ပြုံးလိုက်ကာ

"ကျွန်တော်က အာဏာသုခ မိသားစုရဲ့သူဋ္ဌေးကြီးဉီးလင်းထွဋ်ခေါင်ရဲ့သားအဖြစ်ကနေမှာမဟုတ်ဘူး"

"မင်းသူန!!"
ဉီးလင်းထွဋ်ခေါင်ရဲ့အသံဟာကြောက်ဖို့ကောင်းလွန်းတယ်။သူ၏ဇနီးဖြစ်သူက

"မင်းသူနက ဘာမှမသိတတ်လိုက်တာ သူ့ကိုစိတ်ထဲထားမနေနဲ့တော့ ကိုရယ် ကျွန်မတို့ ပွဲတက်စရာရှိသေးတယ်"

ဇနီးဖြစ်သူဒေါ်သူဇာမြိုင်ရဲ့စကားကြောင့်ဉီးလင်းထွဋ်ခေါင်ဟာဘာမှဆက်မပြောဘဲဒေါသတွေထွက်နေ။မင်းသူနကလည်း ထိုသူနှစ်ယောက်ကိုလျစ်လျှူရှုကာ သူ၏အနက်ရောင်ကားဆီသွားပြီးမောင်းထွက်လာတယ်။ဝဏမောင်စောင့်နေတဲ့ကျူရှင်လမ်းထိပ်က ကော်ဖီဆိုင်ထံမင်းသူနရောက်လာတယ်။ ကော်ဖီဆိုင်ကလေးကအနည်းငယ်သေးပါတယ်။ထိုဆိုင်လေးဟာကြောင်ချစ်သူတွေအတွက်ဖွင့်ထားတဲ့ဆိုင်ကလေးမလို့ ဆိုင်ထဲတွင်ချစ်စဖွယ်ကြောင်ကလေးအများကြီးရှိသည်။မင်းသူနကဆိုင်ထဲဝင်လာတဲ့အခါမိန်းမထုကြီးတွေရဲ့အကြည့်တွေဟာသူ့ထံဝယ်။မင်းသူနဆိုတဲ့ငါကအမြဲအလိုလိုတောက်ပပြီးသားလို့သူ့ကိုယ်သူဂုဏ်ယူနေသောမျက်နှာထားနဲ့။ စားပွဲခုံမှာထိုင်နေလျက်ကြောင်ကလေးတွေချီပြီးပွတ်သပ်နေတဲ့ဝဏကတော့စိတ်တွေလေနေရဲ့။
"ဟူး..."

မင်းသူနကဝဏမောင်ရှေ့မှာရပ်လိုက်ပြီး

"ငါကားပါလာတယ်ဟျောင့်ငါ့နောက်လိုက်စီး"

"မင်းကအခုမှရှစ်တန်းတက်မဲ့ကောင်လေးဘဲရှိသေးတာကားမောင်းလို့ရပါ့မလားဟ"

"ပူမနေနဲ့သားကြီး အဖိုးကြီးကတစ်ခုခုဖြစ်ရင်ရှင်းပေးလိမ့်မယ်"

မင်းသူနရဲ့စကားကိုဝဏမောင်သဘောမကျပါ။သူမင်းသူနခေါင်းကိုရိုက်လိုက်သည်။

"အ....ဘာလဲဟ"

"မင်းသူန ကိုယ့်အဖေကိုအဲ့လိုမပြောရဘူးကွ"

"ငါ့အဖေကငါ့ကိုသူ့သားလို့သဘောထားမှာမဟုတ်ဘူးဝဏရဲ့"

ဝဏကမင်းသူနကိုသနားသွားတယ်။

"မင်းအကြောင်းနဲ့မင်းဆိုတော့ငါမပြောတော့ပါဘူး ဒါမဲ့သားကြီး မင်းဘေးမှာငါရှိတယ်"

"ဟင့်အင်း ..မင်းအစ်ကိုရှိရင်ရပါပြီ"

"မြေနိုး..မင်းကတော့!"

"ဟား..ဟား..စတာပါကွာ"

မင်းသူန၏ခြေထောက်နားမှာအမဲရောင်ကြောင်ကလေးတစ်ကောင်ဟာပွတ်သီးပွတ်သပ်နေနေတယ်။ မင်းသူနကကောက်ယူလိုက်ပြီးလက်ချောင်းသွယ်သွယ်ကလေးတွေနဲ့ထိုကြောင်ကလေးကိုမြှောက်ချီလိုက်တယ်။မင်းသူနက
ပြုံးလိုက်ကာ

"ဒီကြောင်ကလေးကမင်းအစ်ကိုနဲ့တူတယ်နော်"

"ငါ့အစ်ကိုကရုပ်တည်ကြီးနဲ့ကို"

"မဟုတ်ဘူး ချစ်ဖို့ကောင်းတာချင်းကိုတူနေတာ"

"မင်းကစကားတတ်တဲ့ကလေးပါလား"

ရုတ်တရတ်လာတဲ့အသံတစ်သံ။မင်းသူနသိသည်။သူတွေးနေသောသူ၏အနွေးဓာတ်ကလေး။ မင်းသူနကကြောင်ကလေးကိုအောက်ချပေးလိုက်ပြီးအနောက်သို့လှည့်ကြည့်လိုက်တယ်။ သူမျှော်လင့်နေတဲ့နေမျိုးဆက်ခွန်ဆိုတဲ့အမျိုးသားလေးဟာပင်သူ၏အနောက်မှာရပ်နေလေသတဲ့။

......................................................................

(ကျွန်တော်မျက်စိကိုက်နေလို့တင်မှာကြာပါလိမ့်မယ်။ဆက်ရေးချင်ပေမဲ့နားဖို့လိုနေတယ်)

အချစ်ရဲ့နေကြာWhere stories live. Discover now