Playguy & His Bae Actor

97 2 0
                                    

အပိုင်း (၁) ရိုးရှင်းသောနေ့ရက်ရဲ့ အဆုံးသတ်

နွေဦးရာသီရဲ့ မနက်ခင်းမှာ ပိုင်ယွီ ခါတိုင်းထက် ပိုစောစောနိုးလာခဲ့တယ်။ ပြီးတော့ တက်တက်ကြွကြွနဲ့ပဲ ရိုးရှင်းတဲ့ မနက်စာလေးအဖြစ် ခေါက်ဆွဲပြုတ်နဲ့ ready-made ကြက်ပေါင်လေးကို အနွေးပြန်ပေးပြီး စားဖြစ်တယ်။ ပြီးတော့ ရေချိုးပြီး ရိုးရှင်းတဲ့အဝတ်စားတစ်စုံအဖြစ် ရှပ်အဖြူ၊ စတိုင်ပန် မီးခိုးရောင်လေးနဲ့အတူ ကျောပိုးအိတ်ကိုလွယ်ကာ သူ့အဖွားဆီမှ အမွေရထားတဲ့ တိုက်ခန်းလေးကနေ ထွက်လာခဲ့တယ်။

ဒီနေ့က ပိုင်ယွီရဲ့ အလုပ်တက်ရမယ့် ပထမဆုံးရက်ပဲ။ ရိုးရှင်းပြီး လိုချင်တာသိပ်မရှိတဲ့ သူ့ဘဝမှာ သရုပ်ဆောင်ဖြစ်ရမယ်ဆိုတာကတော့ သူ့ရဲ့ကြီးမားတဲ့အိမ်မက်တစ်ခု ဖြစ်တယ်။ အနုပညာဘွဲ့တစ်ခုကို အမှတ်အတော်များများနဲ့ အောင်နိုင်ပြီးတဲ့အခါ ကျောင်းကိုအလည်လာတဲ့ ဒါရိုက်တာတစ်ယောက်က သူ့ဝါသနာပိုးကြီးပုံကိုတွေ့ပြီး မြေတောင်မြှောက်ပေးဖို့ စစီစဥ်ခဲ့တယ်။ သူ့ရဲ့ဆရာက ထောက်ခံပေးခဲ့တာကြောင့်လည်း ပါတာပေါ့လေ။

သူ့ရဲ့ပထမဆုံးရုပ်ရှင်က 'Memories' ဆိုတဲ့ နှစ်နာရီဇာတ်လမ်း၊ School Romance ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီး သူ့ကာရိုက်တာကတော့ မင်းသားရဲ့သူငယ်ချင်း 'ပိုင်ရွှီး' တစ်နည်း ဒုတိယကာရိုက်တာဆိုလည်း မမှားပေ။ ဇာတ်လမ်းအကျဥ်းချုပ်အနေနဲ့ မင်းသားက မိန်းကလေးကျောင်းမှ ကောင်မလေးတစ်ယောက်ကို ကြိုက်မိပြီး မင်းသားက သူကိုယ်တိုင်ရှေ့မထွက်ရဲတာကြောင့် ပိုင်ရွှီးဆိုတဲ့သူငယ်ချင်းကို ကြားထဲမှအဆက်အသွယ် လုပ်ခိုင်းစေတယ်။

မင်းသားနဲ့မင်းသမီးကို အဆက်သွယ်လုပ်ပေးရင်း ပိုင်ရွှီးက မင်းသမီးကို ချစ်မိသွားခဲ့တယ်။ ဒါပေမယ့် အကောင်းဆုံးသူငယ်ချင်းကို သစ္စာမဖောက်နိုင်သလို မင်းသမီးကလည်း မင်းသားကိုစတွေ့ကတည်းက ကြိုက်နေခဲ့တာကို သိသွားတဲ့အခါ ပိုင်ရွှီးက သူ့ခံစားချက်ကို သေသည်အထိ နှလုံးသားထဲမှာပဲ မြုပ်နှံထားခဲ့တယ်။ ပြီးတော့ ပိုင်ရွှီးက ဒါကိုဒိုင်ယာရီချရေးထားခဲ့ပြီး သူဆုံးပါးသွားတဲ့အခါ မင်းသားက ဒါကိုရှာတွေ့ခဲ့တယ်။ ဇာတ်လမ်းအစကိုလည်း မင်းသားက ပိုင်ရွှီးရဲ့ဒိုင်ယာရီကို စဖတ်နေတာနဲ့ စတင်ထားတယ်။

MY DONATION COLLECTION ><Where stories live. Discover now