𝙼𝚊𝚔𝚎 𝚈𝚘𝚞 𝙼𝚒𝚗𝚎-9:𝙶𝚞𝚒𝚝𝚊𝚛

57 8 2
                                    

[ဂီတာ]

(Why would you ever kiss me?

I'm not even half as pretty

You gave her your sweater, it's just polyester

But you like her better

Wish I were Heather)

- Conan Grayရဲ့ Heatherကို ဆိုသင့်တာ ခင်ဗျားကို သဘောကျကတည်းကဖြစ်မယ်။

-ဘယ်အချိန်ထိဆိုနေမိသလဲတောင် မမှတ်မိတော့ဘူး။

-ကိုယ့်ကိုယ်ကိုယ် အလိုမကျလာလေလေ၊ လက်ထဲက ဂီတာကို ဆုပ်ကိုင်မှုက ပြင်းလာလေလေပဲ။

"Jimin.."

-‌တံခါးက lockမချထားလို့ ခင်ဗျားဝင်လာလို့ရတာပဲ၊ ကျွန်တော်ပိတ်ဖို့ မေ့နေတာပဲ။

"မင်း သောက်ရူးထနေတာပဲ"

-ခင်ဗျားက အလွန်တရာမှ ဒေါသထွက်နေသယောင်။

-လက်ထဲက ဂီတာက ဘယ်အချိန်ကတည်းက ခင်ဗျားဆီရောက်သွားသလဲ မသိလိုက်။

"သောက်ရေးမပါတာတွေ..အဲဒီမိန်းမကို ကျုပ်က ချစ်နေတယ်လို့ မင်းထင်နေတာပေါ့ ဟုတ်လား၊ ဟမ်..Jimin မင်း ဦးနှောက်‌သေးသေးလေးက ဒါပဲ စဉ်းစားတတ်တာလား"

-နံရံနှင့် ဂီတာ၏ ရိုက်ခတ်မှုကြောင့် လန့်သွားရသည်၊ ဂီတာ၏ အစအနတွေက ကျွန်တော့် အရှေ့မှာ။

"Min YoonGi..ခင်ဗျား ရူးနေလား"

-ခင်ဗျား အင်္ကျီကော်လံအစကို မရမကဆွဲထားမိကာ အော်လိုက်မိပြီ။

"ဘာသောက်ရေးမပါတာတွေလုပ်နေတာလဲ"

-ထပ်အော်မိ၏။

"ဂီတာ ပြန်လျော်ပေးမယ်"

-ခင်ဗျားဆီက အဲဒီစကားပဲ ထွက်လာခဲ့တယ်။

"ဘာဖြစ်စေချင်တာလဲ Min YoonGi"

[1.May5.2023]

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now