𝙼𝚊𝚔𝚎 𝚈𝚘𝚞 𝙼𝚒𝚗𝚎-10:𝚁 𝚄 𝙼𝚒𝚗𝚎?

61 8 6
                                    

[ခင်ဗျားက ကျွန်တော့်အပိုင်လား]

-အခုရက်တွေ ခင်ဗျားပျောက်နေတယ်၊ ခင်ဗျားဆီက စီးကရက်နံ့ကို သုံးရက်လောက်ပဲ အိမ်နားမှာရခဲ့တာ။

-အင်း...ဟိုအမျိုးသမီးဆီရောက်နေပြန်ပြီပဲ၊ ဒါကမှန်းကြည့်ရုံနဲ့ သိနိုင်တာပဲလေ။

"Park Jimin.."

-ရင်းနှီးနေပြီဖြစ်တဲ့အသံက ကျွန်တော့်နာမည်အပြည့်အစုံကို ခေါ်တာကြားလိုက်ရသည်။

-ဒီတစ်ခါတော့ တံခါးဖွင့်ပေးပြီး စကားပြောဖို့ ဆုံးဖြတ်လိုက်သည်။

-ခင်ဗျားမှာလည်း တိကျတဲ့ပြောစရာစကားက သေချာပေါက်ရှိမှာပဲ။

"Hello Mr.Min..."

"ကျုပ်ကို စကားပြောခွင့်ပေး"

"ရတယ်လေ ဝင်ခဲ့ပါ"

-ခင်ဗျားက ဘာကိုစိတ်လှုပ်ရှားနေလဲတော့မသိ၊ ချစ်‌တော့ချစ်စရာပဲ။

"ဂီတာပြန်လျော်ပေးတာ"

-ဂီတာပြန်ပေးရင်း ခင်ဗျားမျက်နှာက ပြုံးစစဖြစ်လာတယ်။

-ကျွန်တော့်မှာ အနေခက်သလိုပဲ။

"ကျေးဇူးပါပဲ"

-ဒါက ဂီတာကိစ္စပဲ၊ တံခါးပြန်ပိတ်ဖို့သာ ပြင်လိုက်တော့တယ်။

"ခဏ...
ပြောစရာရှိသေးတယ်"

"ဒါဖြင့် အိမ်ထဲဝင်ပါဦး"

-ခင်ဗျားက ပြုံးနေပြန်သည်။

"ဒီပန်းလေးကို လက်ခံပေးပါဦး"

-Tulip အနီပန်းစည်းကလေးကို အရှေ့ပို့ပေးလာသည်။

"ဒါက ဘယ်လိုဖြစ်တာလဲ"

-ခင်ဗျားက ရှက်ရိပ်သန်းနေသယောင်။

"ကျုပ်...
ကျုပ် မင်းအပိုင်ဖြစ်ချင်လို့"

"ဘုရား..ဘုရား...ခင်ဗျားရူးသွားတာများလား"

-ခင်ဗျား ဆေးများသုံးလာသလား။

-ခင်ဗျားဆီက ဒီလိုစကားထွက်လာမယ်လို့ ဦးနှောက်ထဲမှာမရှိတာ ကြာပြီထင်တယ်။

"အင်း...မင်းဘယ်လိုသဘောရလဲ"

"ဘာကိုလဲ"

"မင်းအပိုင်ပါဆို"

-ဘုရားရေ...Min YoonGiက ချစ်ဖို့ကောင်းအောင် လုပ်ပြနေတာလား။

"ခင်ဗျားက ကျွန်တော့်အပိုင်လား"

"အင်း"

-ခင်ဗျားက အပျိုဖြန်းလေးလို ရှက်နေလိုက်တာ၊ ခေါင်းကိုငုံ့ထားလို့။

"ခင်ဗျားရဲ့ ဟိုအမျိုးသမီးကရော"

"ကျုပ်ကိစ္စတွေအကုန်ဖြတ်ပြီးမှ မင်းဆီလာတာပါ"

"ဟုတ်ပါပြီဗျာ"

"ကျုပ်ကို ဂီတာအမြဲတီးပြမယ်မလား"

"အပြန်အလှန်အနေနဲ့က ခင်ဗျားရဲ့ ကီးကြောင်တဲ့ စန္ဒရားသံလား"

"Haha..မင်းကွာ"

"ကျွန်တော်ညတိုင်းကြားနေရတာဗျ haha"

-ရယ်သံလွင်လွင်လေးတွေက ကျွန်တော့်အိမ်ကို လွှမ်းမိုးသွား၏။

-ထို့နောက် ကျွန်တော်တို့အချင်းချင်း ခပ်တင်းတင်း ဖက်ထားလိုက်တော့သည်။

(Complete)

[5.May5.2023]

...................

နောက်ဆုံးတော့ (Make You Mine)က အဆုံးသတ်ပြီ။

2နှစ်ကြာတယ်၊ 2021 Nov 18က စရေးတာ..အခု 2023မှ အဆုံးသတ်တော့တယ်၊ ဒါတောင် Short storyပဲရှိသေးလို့ရယ်^_________^(လူက အပျင်းကြီးတာပါ)

-ဖတ်ပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။

Edit-(extra‌ ရှိသေးတယ်)

-လိုချင်လားမသိဘူး....

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now