၂၅

2.2K 349 6
                                    


အပိုင်း ၂၅

ကျိုင်ရှင်းချန်က လက်ဆန့်ကာ ဖေးရွှီကို ဆွဲထူလိုက်သည်။
“ တချိန်လုံး လှဲမနေနဲ့ ထ … မြန်မြန်လေး…. လိမ္မာပါ”

လိမ္မာဆိုသော စကားကို ကြားသောအခါ ကြောင်တောင်တောင်နိုင်သည်ဟု ဖေးရွှီက ခံစားလိုက်ရသည်။
“ မင်းက ဘယ်သူ့ကို လိမ္မာတယ်လို့ ပြောနေတာလဲ”

ကျိုင်ရှင်းချန်က ရယ်သည်။ သူ၏ အပြုံးက အလွန် ကြည့်ကောင်းလွန်သည်။ ဖေးရွှီအနေနှင့် ထိုမျှတောက်ပပြီး ချိုမြိန်အောင် ပြုံးတတ်သော သူမျိုးနှင့် မဆုံဖူးသေးချေ။ကျိုင်ရှင်းချန်က သူနှင့် အလွန်နီးကပ်စွာ ရပ်နေသောကြောင့် လှဲနေသည့် ဖေးရွှီကို ကုန်းကာ ဆွဲထူသောအခါ တစ်ကိုယ်လုံးနီးပါး ကွေးကောက်အောင် ကုန်းလိုက်ရလေသည်။ထိုကြောင့် ကျောင်းသားငယ်လေးများတွင်သာ ရှိတတ်သည့် ရေချိုးဆပ်ပြာရနံ့နှင့် ခေါင်းလျှော်ရည်နံ့အပြင် နို့နံ့သင်းသင်းလေး ရလိုက်သည်။ထိုရနံ့က အလွန်ရိုးရှင်းသည်။ သို့သော် ပြောပြရန်ခက်ခဲလောက်အောင် ဆွဲဆောင်မှုရှိသည်။သူ၏နှလုံးသားက နွေးသွားသည်နှင့် ကျိုင်ရှင်းချန်က သူ့ကို ဆွဲထူလိုက်နိုင်သည်။

ဟူရင်းက သူ၏ ကားကို မမောင်းသွားချေ။ သူတို့လေးယောက်က အတူထွက်လာချိန်တွင် အပြင်တွင် မိုးရွာနေသေးသည်။ ဟူရင်းက တိုက်ရိုက်ပင် ယန်ကျစ်၏ ထီးအောက်သို့ ခုန်ဝင်သွားသည်။
ယန်ကျစ်ကမူ လမ်းပျောက်နေလေပြီ။

သူက တစ်ညလုံး မျော်လင့်စောင့်စားနေခဲ့ရသည့် ဒိတ်က မမျော်လင့်ထားဘဲ လူအများဆုံသည့် ပါတီအဖြစ် ပြောင်းထားမည်ဟု မတွေးမိခဲ့ဖူးချေ။ သူက ဟူရင်းနှင့်အတူ ထီးစောင်းရင်း ကားဂိုထောင်ထံ သွားသည်။ ဟူရင်းက ဘာပြောနေမှန်းလည်း သူ မသိချေ။ သူ သိသည်မှာ အေးစက်သော မိုးက သူ့ကို ထွေးပွေ့ထားသဖြင့် ရေငွေ့များက သူ၏ သန့်ရှင်းသပ်ရပ်သည့် အပေါ်ကုတ်ကို စိုလာစေသည်ဆိုသော ခံစားချက်သာ ဖြစ်သည်။

ဖေးရွှီက ထီးဖွင့်လိုက်ပြီး ကျိုင်ရှင်းချန်ကို လှည့်ကြည့်သည်။ ကျိုင်ရှင်းချန်က သူ၏ ထီးအောက်သို့ ဝင်လိုက်ပြီး ဖေးရွှီ၏ လက်မောင်းကို ကိုင်လိုက်သည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now