part 3 ဆယ်ကျော်သက်ရင်ခုန်သံရဲ့ မှီတည်ရာ ရေသောက်မြစ်ကလေး

85 4 0
                                    

"ဒီမှာ လေးနွယ်
မင်းစကားတွေက ဘောင်ကျော်နေပြီဆိုတာ မင်းသိတယ်မဟုတ်လား
စာချုပ်ထဲမှာရေးထားတဲ့ စည်းက
စက္ကူတစ်ရွက်ထက်ပိုတာကို
မင်းရောငါရော ဟိုနှစ်‌ကောင်ရော သိတယ် "
ရသ သည် သူ့ကို လက်ထပ်ခိုင်းပြီး မြေးလိုချင်တဲ့
မေမေ့ကို မလွန်ဆန်နိုင်၍ သူငယ်ချင်းနှစ်ယောက် အကူအညီဖြင့် အတုအယောင် ရည်းစားတစ်ယောက်ကို ဖန်တီးခဲ့သည် ။
အခုတော့ ရိုး အ ချင်ယောင်ဆောင်တဲ့ လေးနွယ်က
မာယာတွေဖုံးနေသူ ဖြစ်နေပြီး
ဟိုခွေးနှစ်ကောင်ကြောင့် မေမေ့ရှေ့မှာ
ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို
မရှူနိုင် မကယ်နိုင်ဖြစ်ပါလေရော ။
"ဟွန့် ရှင့်မာမီက ကျွန်မကို
လာစော်ကားနေတော့လည်း
နည်းနည်းလေး ကွန့်လိုက်ရုံပါနော်
စပ်စပ်ထိမခံဖြစ်သွားတာ့လည်း နွယ့် ဘက်က
ဘာမှတောင်းပန်ဖို့ အစီစဉ်မရှိဘူး "
လေးနွယ်သည် သူမလို ဉစ္စာပေါ ရုပ်ချော
အလုပ်အကိုင်က အစ ပြောစရာမရှိတဲ့သူကိုများ
ချစ်ရသူ ရသရဲ့ နှစ်ယောက်မရှိ
မာတာမိခင်က ဟင်းရွက်ကန်စွန်းလို
သဘောထားပြီး သူမရဲ့သားရတနာနဲ့ လုံးဝသဘောမတူနိုင်ကြောင်း
ရစရာမရှိအောင် နှိမ့်ချပြောဆိုနေတာကို
မကျေနပ်၍ "မောင်နဲ့ကျွန်မနဲ့က
နှစ်ဦးသဘောတူ အတူနေထိုင်တဲ့ကိစ္စကိုလည်း
ပြောရဦးမှာလား အန်တီ ၊
ဒီခေတ်ကြီးမှာ ဒီလိုကိစ္စမျိုးက
ကြားနေကျစကားလို ဖြစ်နေတာပေါ့ အန်တီရယ်
မိန်းကလေးတွေကလည်း ချစ်သူကို
အလိုလိုက်လွန်းတာပါလေ
ဒါပေမယ့်လည်း နှစ်ဦးသဘောတူစာချုပ်နဲ့
ချည်ပြီးတုတ်ပြီး အခြေအနေဖြစ်တာကြောင့်
ကျွန်မတို့နှစ်ယောက်ကတော့
အန်တီ ဘယ်လိုဖြတ်ဖြတ် ပြတ်မယ့် အချစ်ငှက်တွေမဟုတ်ဘူး အန်တီရဲ့ "
အားပါးပါး တယ်အရသာရှိတဲ့ စကားပဲ
အဘွားကြီး မျက်လုံးပြူးမျက်ဆံပြူးနဲ့
‌ဒေါသ တရှူးရှူး ထွက်ပြီး "မင်း "ဆိုတဲ့စကားလုံးနဲ့ အဆုံးသတ်သွားပြီး အသံတိတ် လက်သီးဆုပ်ပြီး
ကျောခိုင်းသွားတာလေ ဟွန့်
နွယ့်အတွက် သိပ်လှတဲ့မြင်းကွင်းပေါ့ ။
"ဒါ မင်း သက်သက်စော်ကားတာ
ငါ့သိက္ခာရော မင်းသိက္ခာရော _"
"သိက္ခာ ဟုတ်လား
အော် ဟုတ်သားပဲ
ကျွန်မလိုမိန်းမက ကိုယ်လိုချင်တာကို မရ ရအောင်ယူတတ်တယ်ဆိုတာ
ရှင့်သူငယ်ချင်းတွေကို မပြောမိလိုက်ဘူး
ပြီးတော့ ဂုဏ်သိက္ခာ တွေထက်
ရှင့်ကို ပိုမက်လို့ ဒီကိစ္စကို သဘောတူခဲ့တာကို
ရှင်သိထားဖို့ လိုတာပေါ့နော် "
"ဘာကွ  မင်းကများ _"
"ဟွန့် ကျွန်မက ရှင့်ကို လိုချင်တာပဲရှိတာ
ရှင့်အမေကို တောင်းပန် ခယဖို့ မဟုတ်ဘူး
အော် ချိန်းထားတာလေးရှိလို့
သွားလိုက်ဦးမယ် မောင်ရေ တာ့တာနော် "
"ဒုန်း ဝုန်း ခလွမ်း "
ရသသည် အနီရင့်ရင့် ကိုယ်ကျပ်ဂါဝန်ဖြင့်
မျက်မှန်ကို စတိုင်ကျကျတပ် ခပ်ယဲ့ယဲ့ ခနဲ့သလို အပြုံးဖြင့်
စလင်းဘက် အိတ်ကို ဟန်ပါပါကိုင်ရင်း
အနက်ရောင်ဒေါက်ဖိနပ်ဖြင့် ခပ်ကျွကျွ
ကျောခိုင်းသွားပါသော အတုအယောင်မကို
မျက်ခုံးတန်းနှစ်ခု ထိလုမတက် ‌စူးစိုက်ကြည့်ရင်း
မတို့မထိရသေးတဲ့ စားစရာတွေတင်ထားသော
ရှေ့က စားပွဲခုံ ကို ဒေါသတွေ ပုံချလိုက်လေသည် ။
"ဘယ်လိုဖြစ်တာလဲ ရသရယ်
‌နင် သူ့ကို စိတ်လိုက်မာန်ပါ လုပ်လို့မရဘူးနော်
စိတ်အေးအေးထားပြီး ဖြေရှင်းမှရမယ် ၊
သူ့ကို ‌ဖယ်ထုတ်ပြီး နင့်အမေသဘောတူတဲ့
ကောင်မလေးကို ယူလိုက်ရင်တော့ ကိစ္စ ပြတ်ပြီမဟုတ်လား "
သူပုခုံးကို ခပ်ဖွဖွပုတ်ရင်း ဆိုလေသည်က
ဆိုင်ပိုင်ရှင် အမျိုးသမီးပင်ဖြစ်သည် ။
ရိုးရိုးယဉ်ယဉ် ရင်ဖုံးချိတ်ထမိန် ငှက်ပျောညွန့်ရောင်ကို ဆင်မြန်း၍
ပိုးသားလိုဆံနွယ် တွေကို ပုဝါဖြူလေးနှင့် စည်းနှောင်ထား‌သူသည်
ရသအတွက် သူငယ်ချင်းလည်းမဟုတ်
အစ်မတစ်ယောက်လည်းမဟုတ် ။
ရိုးရိုး အေးအေးလေးမို့
တိတ်တခိုး မြတ်နိုးရပေမယ့် ရင်ထဲကစကားသံတွေကို ဖွင့်ဟဝန်ခံခဲ့တဲ့အခါ မောင်တစ်ယောက်ထက်မပိုဘူးဆိုတဲ့ စကားလှလှလေးဖြင့် ချည်နှောင်တတ်ပြီး
မဖြစ်နိုင်ဘူး ဆိုကာ
ဆက်ရန်မရှိ ငြင်းဆိုတတ်သူ မမသက်
သူ့ရဲ့ဆယ်ကျော်သက် ရင်ခုန်သံရဲ့ မှီတည်ရာ ရေသောက်မြစ်ကလေး မမသက်ပင်ဖြစ်လေသည် ။
‌မမသက်နဲ့ ဒီထက်ပိုပြီး ဝေးသွားဖို့ မဖြစ်နိုင်လို့
ဒီအတုအ‌ယောင်လုပ်ဇာတ်ကို
ဖန်တီးခဲ့တာပါ
မမသက် ကျွန်တော့်အချစ်တွေကို မမြင်ရင်တောင်
လျစ်လျူမရှူ ပါနဲ့လားဗျာ
ဒီ့ထက်ပိုပြီး ခံနိုင်ရည်မရှိတော့မှာကို ကျွန်တော့်ကိုယ်ကျွန်တော် ကြောက်လာပြီ မမသက်ရယ် ။

စစ်မှန်သော အလှတရား Wo Geschichten leben. Entdecke jetzt