Chapter 15

1.1K 23 2
                                    

“ မင်း …..သား နဲ့ သမီး ကတော့ အိပ်ပျော် သွားပြီ …”

လွမ်းမိုး နဲ့ လွမ်းဖြိုး တို့ကို အခန်းဝ၌ ကုဋေ နှင့် အတူ ဒေါ်မျိုးစန္ဒီ တို့ ကြည့်ရင်း လှည့်ထွက်လာခဲ့ကြသည်။

“ မင်း လည်း …..ဒီမှာ ပဲ အိပ်လိုက်လေ …….မနက် မှ ဒီကနေ အလုပ်သွားပေါ့ …”

“ ဒီ အိမ် မှာ …… မနေချင်ဘူး …. ဒီအိမ် က ကျနော့် ရဲ့ အလွမ်းဓာတ်ကို ပိုပို နိုးထစေလို့ …..”

ကုဋေ့ မျက်လုံးထဲ၌ လွမ်းယွန်း နှင့် မိမိ မကွဲကွာ စဉ်အချိန်ခါက လွမ်းယွန်း ရဲ့ လှုပ်ရှားမှုလေးများ အား မြင်ယောင်မိသည်။ ကလေးနှစ်ယောက် ကို ကိုယ်ဝန်ဆောင်ထားစဉ် အခါက ဗိုက်ကလေး လုံးလုံးလုံးလုံးဖြင့် အိမ်ထဲ ပြုမူလှုပ်ရှားနေပုံ၊ ထမင်းစားခန်း သို့ ရောက်သော်လည်း သူမ စားသောက်နေပုံလေးတွေ ၊ မိမိ အားပြုံးပြနေပုံလေးတွေ စသဖြင့် တူတူရှိခဲ့စဉ်က ပုံရိပ်လေးများအား ကုဋေ ပြန်လည် မြင်ယောင်နေမိသည်။

ခြံဝန်းထဲရှိ ဒန်း တစ်ခုပေါ် ထိုင်ရင်း ကုဋေ ရဲ့ အတွေးများသည် လေလွင်နေခဲ့ရသည်။ ငူငူငိုင်ငိုင်ကြီး ထိုင်နေခဲ့သည်။ ဒေါ်မျိုးစန္ဒီ မှာ နွားနို့ ခွက် တစ်ခွက်ကို သယ်လာပြီး ကုဋေ့ ဆီသို့ လာခဲ့သည်။

“ ရော့ ………နွားနို့ သောက်လိုက် …….”

ကုဋေ ယူလိုက်သည်။ ဒေါ်မျိုးစန္ဒီမှာတော့ ကုဋေ့ ဘေးဝင်ထိုင်လိုက်သည်။ ကုဋေ အားရပါးရဖြင့် နွားနို့ခွက်အား မော့ချလိုက်သည်။ တူဖြစ်သူ ရဲ့ ရင်ထဲဘာတွေဖြစ်နေသည်ဆိုတာကို အဒေါ်ဖြစ်သူ ဒေါ်မျိုးစန္ဒီ သိနှင့်နေပြီးဖြစ်ပါသည်။

“ မင်း ………လွမ်းယွန်း ကို သတိရနေတာလား …….ဟမ် …… မင်း ခံစားချက်ကို နားလည်ပေမယ့် ………သေသူက ………”

“ တီလေး ………………”

ဒေါ်မျိုးစန္ဒီ စကားစ ပြတ်သွားသည်။ တူဖြစ်သူ ကို သနားသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။

“ ကျနော့် မိန်းမ ………မသေသေးဘူး ….. ကျနော် လွမ်းယွန်း ကို ပြန်တွေ့ပြီ ….”

ကုဋေ့ မျက်ဝန်းများထဲမှ ကုဋေ့ စကားသည် မှန်၏ မမှန်၏ ဆိုသော အဓိပ္ပာယ် ဒေါ်မျိုးစန္ဒီ ရှာဖွေနေမိသည်။ ကုဋေ့ မျက်ဝန်းများသည် တိကျ၍ နေသည်။ သို့သော် ကုဋေ့ စကားအား ဒေါ်မျိုးစန္ဒီ မယုံပါ ။

Breathing Song Behind The Heart Where stories live. Discover now