✨သူသိပါစေ💖အပိုင်း (၂၂)

216 5 0
                                    

မိုးနဲ့ စကားပြောနေရင်း ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ စိုင်းသက်ထွန်းဝေကြောင့် နိုင်းဝဏနည်းနည်းတော့ တုန်လှုပ်မိသွား၏
"မင်းကဘယ်လိုရောက်လာတာလဲ"
"ဒီမှာ မာမီ ခိုင်းလိုက်လို့"
"နိုင်းဝဏ မို့လား ကျွန်မက ဇူးဇူးနွယ်ပါ"
"ဟုတ်ကဲ့ကျွန်တော်သိပါတယ် ကျောင်းရဲ့နာမည်ကြီးဘဲ"
"အဟင်း အဲ့လောက်လည်းမဟုတ်ပါဘူး"
"ငါတို့ဒီမှာထိုင်မယ် ရလား"
ဝင်တောင်ထိုင်နေပြီကို ရလားလို့လာမေးနေသော ကောင်ကို စိတ်ရှိလက်ရှိ
ပိတ်ရိုက်ပြီး မရဘူးဟု ပြောချင်သော်လည်း
"ရပါတယ်ကွ"
"နိုင်းက ဘယ်သူနဲ့လာတာလဲ"
"ဝဏ ပါ"
"ရှင်"
"ဝဏ လို့ဘဲခေါ်ပါ"
"ဪ ဟုတ်ကဲ့ ဝဏက ဘယ်သူနဲ့လာတာလဲ ကောင်မလေးလား"
"မဟုတ်ပါဘူး"
ဇူးဇူးနွယ်၏ အမေးကို ချက်ချင်းဖြေလိုက်သော မိုးမြင့်ဖြူကြောင့် သုံးယောက်လုံးကြည့်လိုက်၏
"သူငယ်ချင်းပါ ကိုယ်မိတ်ဆက်ပေးမယ်လေ"
"သူကို ငါသိတယ်"
"ဟင်"
စိုင်းသက်ထွန်းဝေ အပြောကြောင့် နိုင်းဝဏ စိုးရိမ်စိတ်တွေ ပိုကြီးထွားလာခဲ့၏
သူမိုးကို မှတ်မိတာလား မဖြစ်နိုင်တာ မိုးက အရင်ကနဲ့မတူတာ
"မင်းကဘယ်လိုသိတာလဲ"
"မဟာဖြူ ဟုတ်တယ်မလား"
"ရှင် ဟုတ်"
"ကိုယ့်ကိုမမှတ်မိဘူးလား မိုးမြင့်မဟာရဲ့သမီးတွေ မင်္ဂလာဆောင်တုန်းက တွေ့ဖူးတယ်လေ"
"ဪ မှတ်မိပြီ"
"တော်သေးတာပေါ့ မှတ်မိသေးလို့
ကိုယ့်နာမည်က စိုင်းသက်ထွန်းဝေပါ"
"ဟုတ်"

"မိုး သူနဲ့ဘယ်လိုသိတာလဲ"
"ဒီလိုဘဲ ဒေါ်လေးတို့ မင်္ဂလာဆောင်တုန်းက မတော်တဆသိသွားတာ"
နားနားကပ်ကာ မေးလာသော နိုင်း၏အဖြေကို သူမပြန်ဖြေလိုက်၏
ဇူးဇူးနွယ်မှာလည်း မိမိ‌ရှေ့တွင်ရှိသော မဟာဖြူဆိုသော မိန်းလေးကိုကြည့်ပြီး မနာလိုမိ၏
မိမိထက်အသက်ငယ်ပုံရသော မဟာဖြူမှာ ထိရက်စရာမရှိအောင်ပင် လှ၏
ဇူးလှတယ်ဆိုတာ မဟာဖြူနဲ့ယှဉ်ရင်
အောက်ဆုံးရောက်သွားသလိုပင်

မောင်က သူမနှင့်ရှိစဉ်ကနဲ့ မတူစွာ ထိုမိန်းကလေးကို စကားတွေဖောင်ဖွဲ့ပြောဆိုနေကာ ပြုံးနေတယ်လေ

"ဟို စိုင်း ဇူးတို့ဈေးဝယ်သွားရအုံးမယ်လေ"
"အား ဟိုကောင် သွားစရာရှိရင်သွားလေ ဇူးဇူးနွယ်ကိုအားနာစရာကြီး"
ဇူးဇူးနွယ်အပြောကို အားတတ်တရော ဝင်ပြောလာသော နိုင်းဝဏဆိုတဲ့အကောင်ကို ဖြစ်နိုင်ရင် နရင်းသာ ပိတ်အုပ်လိုက်ချင်တယ်
"စိုင်း သွားရအောင်လို့"
"အင် ကိုယ်သွားလိုက်အုံးမယ် မဟာဖြူ"
"ဟုတ်ကဲ့"

သူသိပါစေ💖Where stories live. Discover now