အချစ်တေသာ စစ်မှန်ခဲ့ရင်

573 15 13
                                    

(Unicoad)

ဒါလေးက SHORT STORY လေးပါနော်....
Tele က ရင်းနှီးတဲ့ ညမလေးတစ်ယောက်က သူ wp မသုံးလို့ အမ acc မှာ တင်ပေးပါဆိုလို့.မူရင်းစာရေးသူအတိုင်း တစ်လုံးမကျန် ပြန်တင်ပေးထားတာပါနော်😁😁😁

မူရင်းရေးတဲ့ ညမလေးအား လေးစာစွာဖြင့် credit ပေးပါတယ် 🙇‍♀️🙇‍♀️

#########

သင်တန်းပီးသည်နှင့် ယောင်း နားကြပ်တစ်ဖက်တပ်ပီး လွယ်အိတ်လွယ်ကာ သင်တန်းထဲမှ ထွက်လာလိုက်သည်....ယောင်း သင်တန်းတက်တာ ၃ လရှိပီ... သူငယ်ချင်းတစ်ယောက်မှမရှိ... မရှိဆို ယောင်းက အေးဆေးသမား ရှုပ်ရှုပ်ရှပ်ရှပ် တေမကြိုက်ပေ.... ဘာလိုလိုနဲ့ ကားမှတ်တိုင်သို့ရောက်လာလေသည်....သင်တန်းက လှည်းတန်းမှာ ဖစ်တာကြောင့် bus စောင့်ရတာ အဆင်မပြေ....အိမ်က ကားလာကြိုပေမယ့်bus တိုးစီးရတဲ့အရသာကို ခံစားချင်လို့ကို လာမကြိုခိုင်းတာ....😁😁😁

ယောင်း စီးမယ့် bus လာတာကြောင့် ပိုက်ဆံထည့်ပီး ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်.... ယောင်းနောက်၌ ကိုယ်ဝန်သည် တစ်ဦးကတက်လာတာမြင်တာကြောင့် ယောင်းနေရာမှ ထကာ ထို အမျိုးသမီးအား နေရာပေးလိုက်သည်...နေရာကလည်း တစ်ခုံမှ မလွတ်တော့ပေ...ဘာဖစ်လည်း မတ်တပ်ရပ်ရုံပေါ့....😇😇😇

တဖြည်းဖြည်းနဲ့ လူက ကြပ်လာသလို...ယောင်းလည်း ရပ်နေရတာ အဆင်မပြေတော့ပေ။အရေးထဲ ယောင်းနောက်မှာ ရပ်နေတဲ့ တဏှာရူးက မထိတထိလာလာလုပ်နေတာကြောင့် ယောင်းတစ်ကယ် စိတ်တိုလေပီ.....😒😒😒😒

*ငါနော် ချိတ်သာပါလို့ကတော့...*

"ညမ ဒီမှာထိုင်..."

ယောင်း ရပ်နေသည့် ဘေးက တစ်ယောက်ခုံမှ အမက ထကာပြောလေတော့....

"ကျေးဇူးနော် အမ"

ထိုအမက ခေါင်းသာငြိမ့်ပြသည်.... ယောင်း ထို အမကိုမြင်ဖူးသည်မှာ ကြာလေပီ... ယောင်းသင်တန်းပီးလို့ bus စီးတိုင်း ထိုအမကိုတွေ့ရသည်... တိုက်ဆိုင်တယ် ဘဲ ဆိုရမလား၅ခါမှ ၃ခါလောက်ကတော့တွေ့ရတတ်သည်...ထိုအမက အေးဆေးပင်.. သူ့ဘာသာ တစ်ယောက်ခုံမှာ ထိုင်ကာ ဘေးဘက်ရှုခင်းတေကိုကြည့်ပီး နေတတ်သည်လေ... ခုလည်း ယောင်းကိုနေရာဖယ်ပေးပီး ယောင်းထိုင်နေသည့်ဘေး၌ မတ်တပ်ရပ်နေတော့ ယောင်းလည်းအားနာကာ...

အချစ်တေသာ စစ်မှန်ခဲ့ရင်.....[Complete]Место, где живут истории. Откройте их для себя