Part 3 ♡

2K 170 7
                                    

(Unicode)

"မင်းပြောသလိုပဲ...ဘာဖြစ်ဖြစ်ပါ ခုကအရမ်းလဲညနက်နေပြီးဆိုတော့ ငါတို့အိပ်ယာဝင်သင့်ပြီးထင်တယ် Good Night ပါသခင်လေး"

"မင်းငါကို ဒီတိုင်းထားခဲ့ဖို့စဉ်းစားနေတာတော့ မဟုတ်ဘူးမလား? မင်းကအရင်ဇာတ်လမ်းစပြီး‌တော့လေ"

သူကရိပေါ်ကအမျိုးမျိုး အာရုံလွဲပြီး ရှောင်ဖယ်ဖို့ ကြိုးစားပေမယ့် ရိပေါ်ကတော့ဇွဲမလျှော့ပဲ သူနားကိုအတင်းကပ်နေတော့တယ်

ပထမဆုံးအနေနဲ့ရိပေါ်ကဗိုက်ဆာတယ်ဆိုပြီး မနားတမ်းဂျီကြနေတာကြောင့် ရှောင်းကျန့်ကမီးဖိုးခန်းထဲဝင်ပြီး ရိပေါ်စားလိုအဆင်ပြေလောက်မယ် ထမင်းနဲ့ဟင်းအနည်းငယ်ကိုအရင်ပြင်ဆင်ပေးလိုက်တယ်

နောက်ပြီးသူအကြိုက်ဆုံး SMA channel ကိုအတူထိုင်ကြည့်ခိုင်းပြန်တယ်
ရှောင်းကျန့်ကရိပေါ်သဘောအတိုင်းအချိန်2နာရီလောက် Tvထိုင်ကြည့်လိုက်ရတယ် အေးဆေးတော့ထိုင်ကြည့်ခွင့်မရပါဘူး ရိပေါ်ကသူကိုဟိုထိ ဒီထိနဲ့မနားတမ်းနှောက်ယှက်နေတာကိုလဲသည်းခံနေရသေးတယ်

Tvကြည့်ပြီးပြန်တော့လဲ ရိပေါ်ကသူကိုအိပ်ယာဝင်ပုံပြင်ထပ်ဖတ်ပြခိုင်းပြန်တယ် ရှောင်းကျန့် စိတ်ရှည်စွာနဲပဲရိပေါ်‌အိပ်ပျော်တဲ့အထိအိပ်ယာဝင်ပုံပြင်ကိုဖတ်ပြနေလိုက်တယ် ရှောင်းကျန့်ကပုံပြင်ဖတ်နေရင်း သူကိုယ်သူတောင်သတိမထားမိပဲ ရိပေါ်ကိုငေးကြည့်နေမိတယ် ရိပေါ်ရဲ့ခန့်ညားမူကနတ်ဘုရားတစ်ပါးအတိုင်းပဲ...ရိပေါ်သာသူရဲ့ဖူးစားဖက်ဖြစ်လာရင်ဘယ်လောက်ကောင်းလိုက်မလဲ?

*ရှောင်းကျန့် မင်းဘာတွေတွေးနေတာလဲ ရူးသွားပြီးလား!! မင်းဒီကိုရည်းစားထားဖို့လာတာမဟုတ်ဘူး!! မင်းဒီကိုရည်းစားထားဖို့လာတာမဟုတ်ဘူး!! မင်းဒီကိုရည်းစားထားဖို့လာတာမဟုတ်ဘူး!! *

ရှောင်းကျန့်ကတွေးလက်စတွေကိုရပ်ရင်း သူကိုယ်သူသတိပေးပြီး အိပ်ယာအမြန်ဝင်လိုက်တယ် ဒါပေမယ့်သူကအိပ်မပျော်နိုင်ပဲ ရိပေါ်အကြောင်းပဲတွေးနေမိတယ် သူဦးနှောက်ကရိပေါ်ကိုသဘောကြလိုမရဘူးဆိုတာကိုသတိပေးနေပေမယ့် သူနှလုံးသားကတော့လက်ခံချင်းပုံမရဘူး

My Omega Is Strong (short story)Where stories live. Discover now