Mania - Unicode

2K 168 7
                                    

၁၉၉၆ ခုနှစ်။ ရှန်ဟိုင်းမြို့။

ကျိုးပဲ့နေသော တယောတူရိယာအပိုင်းအစများကို ထုပ်သိမ်းထားသည့် အိတ်မှာ ခြေရင်း၌ အပုံလိုက် လဲကျနေလျက်သား။ ကောင်းမွန်စွာ ထိန်းသိမ်းထားသည့် ရှေးကျသော ပန်းချီကားတစ်ချပ်ကို မျက်ဝန်းသေများဖြင့် စေ့စေ့ကြည့်နေသော အမျိုးသားတစ်ဦးဟာ လူငယ်တစ်ယောက်၏ပေါ့ပါးသော ခြေလှမ်းသံတို့ကြောင့် အနောက်သို့လှည့်လာ၏။

အနက်ရောင်တောက်ပြောင်နေသော တန်ဖိုးကြီးရှူးဖိနပ်ကား မြင်ကွင်းအတွင်းသို့ ဦးဆုံးဝင်ရောက်လာသည့် အရာဖြစ်သည်။

မီးခိုးရောင် သုံးထပ်ဝတ်စုံပြည့်အပေါ်တွင် အနက်ရောင်ကုတ်အရှည်ကိုထပ်ဝတ်ထားသော ဆံပင်ရွှေအိုရောင်တို့နှင့် တစ်မူထူးကဲစွာ ချောမောနေသည့် လူငယ်က သူ့အရှေ့တွင်ရပ်နေသူကို မြင်သော် နဂိုတည်တင်းသော ရုပ်ခံမှာ အနည်းငယ်ပြေလျော့သွားချေ၏။

" ခရီးမှာ ပျော်ခဲ့ရဲ့လား ? ဟောင့်ကော... "

ဟောင့်ကော ဆိုသူက ဆံပင်ရွှေအိုရောင်နှင့်လူငယ်၏စကားအဆုံး စိတ်ပျက်သလို မျက်ဆံလှန်ပစ်သည်။

" ဒီမှာ ရှန်ချွမ်ရွေ့ ၊ မင်းစကားက ငါ့ကိုလာနောက်နေသလိုပဲ "

" Ricky... အားလုံးက Ricky လို့ပဲခေါ်တော့တာ။ ၃နှစ်တောင်ကြာသွားပြီလေ။ ဟောင့်ကောကတော့ အိုမလာဘူး။ စိတ်ကျေနပ်စရာကောင်းတယ်မဟုတ်လား? "

" သိပ်ကောင်းတယ်။ ငါ့ကို ကျားပါးစပ်ထဲပစ်ထည့်ပြီး မင်းပျော်နေရှာမှာပဲ ဟုတ်စ? "

" ဟောင့်ကောက ကျွန်တော့်ရဲ့သွေးသောက်ညီအစ်ကိုပဲဟာ... ဟောင့်ကော ဒုက္ခရောက်အောင်တော့ ပစ်မထားမိပါဘူး "

" အပိုတွေ! "

တယောကျိုးထည့်ထားသော အိတ်အား ရှန်ချွမ်ရွေ့၏ရင်ဘတ်တည့်တည့်သို့ ပစ်ပေါက်ရင်း အော်ဟစ်လိုက်သော ကျန်းဟောင့်၏အသံမှာ အဖျားခတ် အက်ကွဲသွားသည်အထိ။

ရှန်ချွမ်ရွေ့က ကြောင်အသွားကာ ပစ္စည်းအကျိုးများဖြင့်ပြည့်နေသော အိတ်ကို ကိုင်ရင်း ဒီအတိုင်းရပ်နေမိသည်။ ကျန်းဟောင့်က မည်သည့်အခြေအနေမှာမဆို တည်ငြိမ်အေးဆေးစွာ ဖြေရှင်းတတ်သူဖြစ်သည်။မဟုတ်..."ဖြစ်ခဲ့သည်" ဟု ဆိုရမည်။

Mania Where stories live. Discover now