ITTGH "မိတ်ဆက်စာ" (U+Z)
2.2K 126 65
2024.02.22
Unicode
"Zay Group" လုပ်ငန်းစုပိုင်ရှင် ဦးဇေယျသက်ထွန်း နဲ့ ဦးရှင်းဇေနောင် တို့ရဲ့ သား ငါးယောက်ထဲက အငယ်ဆုံးလေးဖြစ်တဲ့ မြဲဇေရတု ကိုမှ ချစ်မိသွားတဲ့ ဟန်သုတမောင်မောင် ဆိုတဲ့ ကောင်လေးက သူချစ်ရသူကို ပိုင်ဆိုင်ဖို့ ဘယ်လိုတွေ ကြိုးစားမလဲဆိုတာလေးကို စူးစမ်းကြရမှာပါ။ အဖေနှစ်ယောက်နဲ့ အစ်ကိုလေးယောက်ရဲ့ အုပ်ထိန်းမှုအောက်က အငယ်ဆုံးလေးကို ပိုင်ဆိုင်ချင်တဲ့ကောင်လေးက သူဖြစ်ချင်သလို ဖြစ်လာနိုင်မလားဆိုတာတော့ အန်လည်း မသိသေးပါဘူး။
စိတ်ကူးနဲ့ ပုံဖော်မယ့် Fiction ဖြစ်တာကြောင့် လက်တွေ့ဘ၀နဲ့ နီးကပ်အပ်စပ်မှာတော့မဟုတ်ပါဘူး။ ဒီထဲမှာ သားငါးယောက်စလုံးကို အမျိုးသားတစ်ယောက်ဖြစ်တဲ့ ဦးရှင်းဇေနောင်ကိုယ်တိုင် မွေးထားတာကြောင့်ပါ။ အကြီးဆုံးရယ် ၊ အလတ်သုံးယောက်ကတော့ သုံးမြွှာပူးရယ်၊ အငယ်ဆုံးလေးရယ် ညီအစ်ကို ငါးယောက်ပါ။ ကလေးမွေးဖွားဖို့အတွက် ဗိုက်ခွဲတာက သုံးခါထက်ပိုခွဲလို့မရတာကြောင့် သုံးမြွာပူး ထည့်လိုက်တာပါ။ အန်က သုံးမြွာပူးတွေ စွဲလမ်းနေတာလား ရေးလိုက်တိုင်း သုံးမြွာပူး လို့ ထင်နေမှာစိုးလို့ ပြောပြတာပါလို့ ဟဲဟဲ ။ ပြီးတော့ ညီအစ်ကို ငါးယောက်လုံးကို အတွဲကိုယ်စီ ရှာပေးသွားမှာဖြစ်ပြီး ဖခင်နှစ်ယောက် အတွဲပါ ပါမှာဆိုတော့ ခြောက်တွဲတောင် အမုန်းဖတ်ရမှာပါ။ အတွဲတွေ အကုန်လုံးကိုလည်း ထုံးစံအတိုင်း punishment type ပဲ ရေးမှာမို့ မကြာခင်မှာပဲ ဇာတ်လမ်းလေးဆီ အန်နဲ့အတူ လိုက်ပါစူးစမ်းပေးကြပါဦးနော်။ ❤️✨🙆
ပိုင်ဇေရတု (အစ်ကိုအကြီးဆုံး)
နိုင်ဇေရတု (သုံးမြွှာပူး အကြီး)
ထွဋ်ဇေရတု (သုံးမြွှာပူး အလတ်)
တည်ဇေရတု (သုံးမြွှာပူး အငယ်)
မြဲဇေရတု (အငယ်ဆုံး)
နာမည် အလွယ်ကျက်ချင်ရင် ပိုင်၊နိုင်၊ထွဋ်၊တည်၊မြဲ လို့်မှတ်ပြီး နောက်က ဇေရတု လိုက်ထည့်လိုက်ပါနော်။ 😹
ဒါလေးက အရင် မိတ်ဆက်ပေးထားတာပါ၊ update ကတော့ နောက်လမှ စဖြစ်လိမ့်မယ်ထင်ပါတယ်၊ အန် အောင်မြင်ခြင်းဆီသို့အတွက် လက်ဆောင်အချပ်ပိုလေးတွေကို အရင်တင်‌ပေးသွားမှာမို့လို့ပါ ✨
Zawgyi
2024.02.22
Unicode
မြဲဇေရတု (အငယ်ဆုံး)
" I tried to get him "Tahanan ng mga kuwento. Tumuklas ngayon