၂၆

2.1K 342 31
                                    


အပိုင်း ၂၆

အမြဲတစေ မသိမသာသာ တည်ရှိနေခဲ့သည့်အချို့သော ခံစားချက်များက ရုတ်တရက် ထွက်ပေါ်လာပြီး နှလုံးခုန်နှုန်းကို မြန်ဆန်လာစေသည်။

ထိုအချိန်တွင် အခြားဧည့်သည်များက သူငယ်ချင်းများနှင့် တွေ့နေကြခြင်းဖြစ်သည်။

ဟူရင်းက သူ၏ ညီအစ်မကောင်း အဲ သူငယ်ချင်းကောင်း အင်တာနက်ဆယ်လီတစ်ဦးဖြစ်သည့် ထူထူနှင့် တွေ့နေသည်။

ထူထူက လွန်ခဲ့သည့်နှစ်နှစ်မှ စကာ နာမည်ကြိးလာခြင်းဖြစ်သည်။ သူမက အလှအပရေးရာ ဘလော့ကာတစ်ယောက်ဖြစ်သည်။ ယခုတလော သူမက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ပစ္စည်းများ သယ်သယ်လာကာ ရောင်းနေသဖြင့် လူကြည့်နည်းလာသည်။ထိုကြောင့် ဟူရင်းက သူမကို ဆက်သွယ်ကာ ရှိုးအတွက် ဝင်ရောက် ရိုက်ကူးရန် ခေါ်ခဲ့ခြင်းဖြစ်သည်။

မီဒီယာနှင့် ထိတွေ့နေသူများအဖို့ အမြင်များလေလေ ကောင်းလေလေဖြစ်သည်။

  “ ဘယ်လိုလဲ နင် ရိုက်ကူးရေးလုုပ်နေတာ နှစ်ရက်ရှိပြီမဟုတ်လား ဘယ်လိုနေလဲ နင့်အကြိုက်ပါလား”

ဟူရင်းက ဖုံးကွယ်မထားတော့ချေ။ သူက အနည်းငယ် ရယ်လိုက်သည်။

ထူထူကလည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ထားသဖြင့် မည်သည့်ဧည့်သည်များပါကြောင်း သိထားသည်။ ထိုကြောင့် ဟူရင်း၏ အကြိုက်ပါမပါ ကောင်းကောင်း သိလေသည်။ယခုလို လူချင်းတွေ့သည့်အခါ ထူထူက ချက်ချင်း တန်းမေးသည်။

“ ဖေးရွှီလား ယန်ကျစ်လား ဘယ်သူက နင့်ကို ထန်စေလဲ”

ညီအစ်မကောင်းတွေက စကားက ဘွင်းဘွင်းပဲ ပြောတယ်

ရိုက်ကူးနေသောကင်မရာကြောင့်သာ မဟုတ်လျင် သူတို့ပြောသော စကားများက အဘန်းရနိုင်ချေရှိသည်။

ထူထူက မေးသော မေးခွန်းတို့ကို ရိုက်ကူးရေးအဖွဲ့က ကြိုတင်ပြောထားပြီးသားဖြစ်သည်။ ဒါက သရုပ်ဆောင်နေသည်နှင့်တသည်။ သို့သော် ဒါက အချစ်နှင့် နားမလည်နိုင်မှုတို့ကြားမှ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ သူငယ်ချင်းကောင်းရှာကာ ရင်ဖွင့်သောကိစ္စက အကြံကောင်းဖြစ်နိုင်သော်လည်း သာမန်လူများက ကင်မရာရှေ့တွင် ထိုသို့ မပြောနိုင်ကြချေ။ သူတို့က ကင်မရာရှေ့တွင် ပြောရဲခဲ့လျင်ပင် အမှန်အတိုင်း ပြောမည်မဟုတ်ချေ။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now