5.5

2.1K 263 86
                                    

Unicode

" အရူးလိုပဲ ! တွေ့ကရာ
လူတိုင်းကို ရယ်ပြနေတာ ! "

" ငါ ဘယ်မှာ ရယ်ပြလို့လဲ ? ! "

" ခုနကလေ ! ခုနက ! ! ! "

ရှောင်ကျန့် ရန်ပြန်တွေ့မလို့ ပါးစပ်ဟလိုက်ပေမဲ့
မူမမှန်တဲ့ အငွေ့အသက်တချို့ရလိုက်တာကြောင့်
၀မ်ရိပေါ်အား မျက်လုံးမှေး ကြည့်လိုက်မိသည် ။

" မင်း ! ! ! "

" ဘာ...ဘာလဲ "

ခေါင်းလေးတင် ၀မ်ရိပေါ် မျက်နှာနား တိုးသွားလိုက်တော့ အသံတုန်လာတဲ့ ၀မ်ရိပေါ်က စကားတွေပါ ထစ်လာခဲ့၏ ။ ရှောင်ကျန့်ပြုံးလိုက်ပြီး...။

" သ၀န်တိုနေတာလား ငါ့ကို "

" ဘာ ! ! ! "

ရှောင်ကျန့် နားတွေ အူထွက်သွားခဲ့ပါသည် ။
နီးနီးလေးကို အဲ့လောက် အော်စရာလိုလို့လား ? !

သူက ဒီတိုင်း ၀မ်ရိပေါ် အမူအရာတွေက ညက
ဖတ်တဲ့ ၀တ္ထုစာအုပ်ထဲက မင်းသားက မင်းသမီး
ကို သ၀န်တိုတဲ့ အခန်းနဲ့ ဆင်လို့ မေးကြည့်ရုံကို !

" ဘယ်သူက မင်းကို သ၀န်တိုရမှာလဲ ငါကလား
မဖြစ်နိုင်တာတွေ မပြောစမ်းနဲ့ ရှောင်ကျန့် ! ! ! "

" ဘာလို့ မဖြစ်နိုင်ရမှာလဲ ~ "

ရှောင်ကျန့် တစ်ယောက်တည်းကြားရုံသာ
ရေရွတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်မိသည် ။

" ဖယ် ! ဖယ် ! ငါ့ရှေ့ကနေ ဖယ်တော့ ! "

ကမူးရှူးတူးနဲ့ ၀မ်ရိပေါ်က သူ့ကို တွန်းဖယ်လို့ စက်ဘီးအား နင်းထွက်တော့မလို့ ပြင်သည် ။
ထိုကျမှ ရှောင်ကျန့်လည်း မူရင်းကိစ္စအား ပြန် သတိရသွားပြီး ၀မ်ရိပေါ်ရဲ့ စက်ဘီး နောက်ခုံအား အမြန် လှမ်းဆွဲထားလိုက်ရတော့သည် ။

" နေဦး ! နေဦး ! မသွားနဲ့ဦး ! "

" ဘာလဲ ? ! "

" ငါ့ကိုလည်း ခေါ် ~ "

" ဟမ် ? ! "

" ငါ့ စက်ဘီး ဘီးပေါက်သွားလို့ ~ "

အလျင်စလိုဖြစ်နေသည့် ၀မ်ရိပေါ်ဟာ
တုံ့ဆိုင်းသွားပြီး ရှောင်ကျန့်ကတော့ မျက်နှာလေးအား အတတ်နိုင်ဆုံး ငယ်ချလိုက်ပါသည် ။

Crush on Me ( Completed )Where stories live. Discover now