Mafiaကတော်က အဆိပ်ပြင်းတယ် 4

221 12 0
                                    

မဟာ club ထဲဝင်လာတာနဲ့ အဆင့်တန်းမြှင့်တဲသခင်လေးတွေဘဲလာနိုင်တယ်ဆိုတာသိသာစွာအထဲကအပြင်ဆင်ကစတန်းဖိုးကြီးတဲ့အရာတွေနဲ့သာ အလှဆင်ထားတယ် ဒါကြောင့်လဲ ဒီအသိုင်းဝိုင်းထဲမှာ Nine ဆိုတဲ့ဒီclubကြီးနေတာပေါ့
မဟာနောက်ဆုံးတစ်ကြိမ် တစ်ချက်ဝေ့ကြည့်ပြီး တစ်နေရာမှာ‌အေး‌အေး‌ဆေး‌ဆေးဝင်ထိုင်‌နေလိုက်
တယ်

" မဟာ ဘာသောက်မလဲ သောက်နေကျဘဲလား "
ခါလွန်းမှူး အမေးကို မဟာခေါင်းတစ်ချက်သာညိမ့်ပြလိုက်တယ် ဟိုကောင် ခိုရာထိုက်ကတော့
တစ်လောကလုံးစိတ်မဝင်စားတဲ့ရုပ်နက်

" မဟာ ဟိုဝိုင်းက ပျိုမဒီ‌လေး မင်းကိုရှိုးနေတယ် "
မဟာ ခါလွန်းညွှန်ပြ‌တဲ့နေရာကိုကြည့်လိုက်တော့ လက်တစ်လုံး ဂါဝန်ကိုယ်ကျပ်အနီလေးဝတ်ထားတဲ့တစ်ယောက်က ကိုယ်လှည့်ကြည့်တာသိတော့ အထာတွေပေးနေလေရဲ့ အပေါစားဆန်လိုက်တာအနားယူမလို့လာပါတယ်ဆို တကယ့်အာရုံ‌တွေ မဟာအမြန်ဘဲ အကြည့်လွှဲလိုက်ပြီး ခါလွန်းယူလာ‌ပေးတဲ့ ဝီစကီလေးဘဲ အရသာခံပြီး သောက်နေလိုက်တယ် ခုနကထိဆူညံနေတဲ့နေရာကြီးက အခုချက်ချင်း ဘာကြောင့်အကုန်တိတ်ဆိတ်သွားတာလဲ အကုန်လုံးရဲ့ အကြည့်တွေကတစ်နေရာထဲမှာ မဟာလဲအဲ့နေရာကိုလှမ်းကြည့်လိုက်တယ်

" 9 အကုန်မင်းကို ဝိုင်းကြည့်ကုန်ပြီ "

' ကြည့်တာဘဲ အကုန်ဝိုင်းရိုက်နေတာမှ မဟုတ်တာ သူတို့မျက်လုံးနက်သူတို့ကြည့်တာ ကြည့်ကြည့်ပေါ့ '

မင်းခပြောမိတဲ့ကိုယ်ပါးစပ်ကိုယ်ဘဲ ပိတ်ရိုက်လိုက်
ချင်တယ် ဘုကလန့် ကလန့်ကလား‌ ‌ကောင်ကိုမှ သွား‌ပြောမိရတယ်လို့ ငါတော့မြန်မြန်အသက်တို
‌တော့မှာဘဲဒီ‌ကောင်နက်ကြာကြာနေရင် ဟူးးးးးး

မဟာလှမ်းကြည့်လိုက်တော့ clubထဲကို အရပ်
မတိမ်းမယိမ်းကောင်လေ3း‌ယောက်ဝင်လာတာတွေ့လိုက်တယ် အရင်ဆုံးသတိထားမိတာ အလယ်က
‌ကောင်လေးဘဲ T shirt မှာအရိုးခေါင်းပါတဲ့အမဲနက် အ‌ပေါ်က ဂျင်းအမဲလက်ရှည်ကိုထပ်ဝတ်ထားတယ် အောက်ကဂျင်းအမဲနက် တစ်ကိုယ်လုံးနက်ဆွေးနေ
တဲ့အပြင်ဆင်နက် ဖြူ‌ ဖွေးနေတဲ့အသားရည်နက်ကလိုက်ဖက်စွာ မျက်နာကိုကြည့်မိတဲ့တစ်ခဏတစ်ခုဘဲပြောနိုင်တော့တယ် အဲ့ကောင်လေးကိုဖန်ဆင်းတဲ့ဖန်ဆင်းရှင် အချိန်တော်တော်ကုန်ခဲ့မှာဘဲလို့ လှတယ်တကယ်လှတာ ယောင်္ကျားလေးတစ်‌ယောက်ကိုလှတယ်ပြောတာ စီ‌လျော်မှုမရှိပေမဲ့ တကယ်လှတာအဲ့ကောင်လေးက အရပ်ကလဲ ကိုယ်ထက်မတိမ်း
မယိမ်းစာလောက်တော့ပုတယ် အရပ်က6'လောက်ထင်တယ် အဲ့လိုကိုယ်နီးနီး‌လောက်အရပ်ရှည်ယုံတင်မကဘူး ခန္ဓာကိုယ်‌တောင့်တဲ့‌ကောင်‌လေး​ကိုလှတယ်လို့မြင်နေမိတာလဲထူးဆန်းသား ကောင်လေးကြည့်ရတာအဆိုးလေးထင်တယ် တစ်လောကလုံးကို ဘာမထီမျက်နာထားနက် တော်တော် ဆိုးမဲ့ပုံလေးဘဲ

  Mafiaကတော်က အဆ်ိပ်ပြင်းတယ်Where stories live. Discover now