Mafiaကတော်က အဆိပ်ပြင်းတယ် 12

146 9 7
                                    

ကိုး ဖဲလိမ်ရိုက်တဲ့ကောင်ကိုဘေးကပန်းအိုးနဲ့လှမ်း‌
ရိုက်လိုက်တော့ အော်လိုက်တာငယ်သံ‌ပါ ပါတယ်
အဲ့တာကြောင့်ပြောပါတယ် စောစောကအခွင့်ရေး
‌ပေးကတည်းကဝင်ခံလိုက်ရင် ခုလိုဖြစ်စရာတောင်
မရှိဘူး ကိုးဆိုတဲ့ကောင်ကိုမှ လာထိရဲတယ်

" ဘယ်လိုလဲ ဖဲလိမ်ရိုက်ရတဲ့ feeling လေးပြောပြလို့ရမလား "

" ဟို ဟို ဟိုလေ "

" ............ "

" ပြော ပြောပြပါ့မယ် "

ကိုးရဲ့အကြည့်ကအလုပ်ဖြစ်တယ်ထင်ပါရဲ့လား
မပြောချင်လို့ အင်တင်တင်လုပ်နေတဲ့ကောင်က ကိုးရဲ့ စူးရဲတဲ့ခဲရောင်မျက်ဝန်းရဲ့အကြည့်မှာ ချွေးပြန်လာ
ပြီး အထစ်ထစ် အငေါ့ငေါ့နဲ့ ပြောပါမယ်ဖြစ်သွား
‌ရော တတ်လဲတတ်နိုင်ပ

" ဟွန်း ပြောကြည့်စမ်းပါအုံး "

" မင်း မင်းကြည့်ဘဲ ‌ဒေါင်းနေတာ ငါတို့မှတစ်ခါ
တောင် မနိုင်တာ "

" အဲ့တာနဲ့ ဖဲခိုးရောပေါ့ မင်းတို့တော်တော် အဆင့်
မရှိတဲ့ကောင်တွေဘဲ "

" ယျောင့် 9 မင်းဘာပြောတာလဲ "

" သတ္တိရှိရင် မင်းရှေ့ဆက်တိုးလာခဲ့လေ "

" မ မဟုတ်ပါဘူးကွာ မတိုးရဲပါဘူး "

အရှေ့တိုးပြီး 9ဆိုတဲ့အဲ့‌ကောင်ကိုထိုးမလို့ပါဆို
တိုးရင်လဲ အဲ့9လက်ထဲကိုင်ထားတဲ့ ‌သေနတ်ထဲက ကျည်ဆံက သူ့ ကိုယ်ထဲကို တိကနဲနေအောင်
ဝင်သွားနိုင်တယ် မဖြစ်ဘူး မဖြစ်ဘူး ငယ်ငယ်ရွယ်
ရွယ်နဲ့မသေချင်သေးဘူး

" မင်းတို့ခုမှဘာကြောက်နေတာလဲ ငါ့ကိုမကြောက်
လ့ိုတောင်ဖဲလိမ်ရိုက်သေးတာဘဲမလား "

ဟက် တကယ့်ကောင်တွေအစကတော့ဝူးဝူးဝါးဝါးနဲ့
ကိုးဆိုတဲ့ ဒီကောင်ကိုထိုးမယ်ပေါ့ ကိုးလက်ထဲက
‌သေနတ်လဲမြင်သာအောင်ပြလိုက်တော့ ချက်ချင်း
‌ကြောက်ချီးတွေထမပါတာကံကောင်း အမှန်က
ဒီသေနတ်ထုတ်ပြဖို့အစီစဉ်မရှိပါဘူး နာမည်ကြီး
ဂိုဏ်းတစ်ခုနဲ့တွေ့ဆုံဖို့ဆိုတော့ကိုယ့်ဘက်ကလိုလို
ပိုပိုသေနတ်ကတော့ဆောင်ထားသင့်တယ်ထင်လို့
Personal ပိုင်းကဘယ်လောက်ရင်းနှီးနှီး ဒီလောကထဲမှာတော့ သူစိမ်းတွေဘဲလေ တစ်ခုခုမှားယွင်းခဲ့
ရင်တောင်ငဲ့ညားနေစရာမလိုဘူးပေါ့

  Mafiaကတော်က အဆ်ိပ်ပြင်းတယ်Hikayelerin yaşadığı yer. Şimdi keşfedin