1.

2.4K 220 54
                                    

Hanbin နဲ့ Matthew တွေ့ဆုံပုံက ရိုးရိုးရှင်းရှင်းဆိုပေမဲ့ ထူးခြားတယ်။ Hanbin က အန္တရာယ်ကျရောက်နေတဲ့ Matthew ကို အကြိမ်ကြိမ် ကူညီပေးရင်းတွေ့ခဲ့တာမျိုး ... ။

📖

Matthew အလယ်တန်း ဒုတိယနှစ် ၊ Hanbin အထက်တန်း ပထမနှစ် ။

ရာသီဥတုလေးက နေလို့ထိုင်လို့ကောင်းပြီး စိတ်ကြည်နေတာမို့ ဒီနေ့ Library သွားဖို့ Matthew စိတ်ကူးမိသည်။

" Matthew တူတူပြန်မယ်လေ "

" ပြန်နှင့် "

ခါတိုင်း တူတူပြန်နေကျ Taerae နဲ့တောင်လိုက်မပြန်သေးဘဲ Matthew စာကြည့်တိုက်သွားဖို့ဆုံးဖြတ်လိုက်တယ်။

" ဘာလုပ်မလို့လဲ "

" စာကြည့်တိုက်သွားပြီး စာလုပ်မလို့ "

" အမယ် တယ် ဟုတ်ပါလား "

စာလုပ်ဖို့ စာကြည့်တိုက်ကို လာခဲ့တာဆိုပေမဲ့ စာအုပ်စင်ထဲထိပ်ဆုံးမှာရှိတဲ့ ပြဇာတ်စာအုပ်တစ်အုပ်က Matthew ရဲ့ အာရုံကိုဖမ်းစားသွားတာမို့ Matthew အဲ့ဒီစာအုပ်ကို လှမ်းယူဖို့ကြိုးစားတော့တယ်။

အလယ်တန်းဒုတိယနှစ်ပဲရှိသေးတဲ့ Matthew လေးက စာအုပ်စင်အပေါ်ဆုံးထပ်ကို လှမ်းလို့မမီတာမို့ ခုန်ဆွ ခုန်ဆွလုပ်ပြီးယူဖို့ကြိုးစားတယ်။

Matthew ယူတာ အခန့်မသင့်တာမို့ လိုချင်တဲ့ စာအုပ်ကိုမရတဲ့အပြင် စာအုပ်စင်ပေါ်က စာအုပ်တွေပြုတ်ကျကုန်တယ်။ ခပ်ထူထူ Dictionary စာအုပ် တစ်အုပ်နဲ့ တခြား အုပ်တွေ Matthew ပေါ်ကျလာချိန်မှာ ခေါင်းပေါ်လက်တင်ပြီးမျက်လုံးစုံမှိတ်ထားလိုက်မိတယ်။

ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ စာအုပ်တွေက Matthew ပေါ်ကျမလာဘဲ အရိပ်တစ်ခုသာကျလာပြီး " အ ... " ဆိုတဲ့ နာကျင်တာမို့ ခပ်ဟဟ ညီးတွားတဲ့ အသံကိုသာ ကြားလိုက်ရတာမို့ Matthew မျက်လုံးဖွင့်ကြည့်မိတယ်။

Matthew ထက် အတန်းကြီးပုံရပြီး အသားအတော်အတန်ဖြူတဲ့ ကောင်လေးတစ်ယောက် ...။

နာကျင်မှုကိုသည်းခံထားတာမို့ မျက်လုံးကို မှိတ်ချထားပြီး မျက်တောင်တွေ တွန့်ချိုးနေတဲ့ အချိန်မှာတောင်မှ ကြည့်လို့ကောင်းတယ်။ နှာတံစင်းစင်းနဲ့ ဖိကိုက်ထားတဲ့ နှုတ်ခမ်းရဲရဲက အစပြည့်စုံလွန်းတာမို့ Matthew အတန်ကြာ ငေးကြည့်နေမိတယ်။

10 Months [ Completed ]Where stories live. Discover now