Ko Ko (GyuJin)

797 86 2
                                    

ဒီနေ့က Yujin ရဲ့ ပထမဆုံး တက္ကသိုလ် စတက်တဲ့နေ့ ...

စိတ်လှုပ်ရှားမှုများစွာနဲ့ လာကြိုမယ့်ကိုကို့ကို ဧည့်ခန်းထဲကနေ ထိုင်စောင့်နေလိုက်သည် ...

'Yujinnie... ဒီနေ့ ကိုကို လာကြိုဖြစ်တော့ဘူး ... ကိုယ့်ဘာကိုယ်လာခဲ့လိုက်တော့'

'ဪ .. ကိုယ်တိုင်ကားမောင်းမလာနဲ့နော် ... ကိုကိုစိတ်ချဘူး'

ဝင်လာတဲ့ Message တွေကို ဖတ်လိုက်မိတော့ မျက်မှောင်ကြုံ့လျက်မိသား ... မနေ့ညက သေချာပေါက် ကိုယ့်ဘာကိုယ် သွားပါမယ်လို့ ပြောထားပြီးသားကို ကိုကိုလာကြိုမယ် ဆိုပြီး အတင်းပြောလို့ Yujin ကျောင်းမသွားပဲ ထိုင်စောင့်နေရပါရောလား ...

"ဟက် ... ငါပဲ ယုံမိတာ မှားတာပါ"

အချိန်က ၉ နာရီ ထိုးခါနီးမို့ Yujin နီးစပ်ရာ Taxi ကို ငှားကာ ကျောင်းကို အမြန်မောင်းခိုင်းရသည် ..

အိမ်က ကားကို ကိုယ်တိုင်မမောင်းနဲ့ဆိုမှတော့ Yujin လဲမမောင်းရဲပါ ... ကိုကိုက စိတ်တိုရင် သူများနဲ့မတူ ကြောက်ဖို့ကောင်းတာ တစ်ကြောင်း , ကိုကို့ကို အရွဲ့တိုက်ဖို့ တစ်ခါမှ မစဉ်းစားဖူးတာ တစ်ကြောင်းမို့ လိမ္မာတဲ့ Yujin က Taxi နဲ့ပဲ ကျောင်းသွားလိုက်ပါသည် ...

"Yujin ... ဒီဘက် ဒီဘက်"

ကျောင်းကို ရောက်တော့ အခန်းကို ရှာစရာမလို ... ကျောင်းတုန်းတည်းကနေ ခုထိ မေဂျာတူတဲ့ သူငယ်ချင်း Matthew က အခန်းရှာထားနှင့်ပြီးသား ... Yujin Taxi ခ ပေးပြီးတာနဲ့ Matthew ရှိရာဆီ အမြန်ပြေးသွားလိုက်လေသည် ...

"လာ သွားစို့ .. ငါတို့ ၅ မိနစ်ပဲ အချိန်ရတော့တယ်"

နှစ်ယောက်သားက အခန်းရှိရာသို့ အမြန်လျှောက်လိုက်ကြပြီး သူတို့လဲ အခန်းထဲ နေရာယူအပြီးမှာ ဆရာကလဲ အဝင်ပင် ..

တော်သေးတယ် ကွက်တိဖြစ်သွားလို့ ... နောက် ကိုကို လိုက်ပို့မယ် ဆိုတာကို Yujin မယုံတော့ဘူး ...

ZB1 One shot collection Where stories live. Discover now