Chapter 2 (Part - 1)

939 96 1
                                    


Chapter 2 (Part-1)

သူ့လက်ဖဝါးမှ နာကျင်မှုက သူ၏ဗဟိုအာရုံကြောစနစ်ကို ဖြတ်သန်းဝင်‌ေရာက်သွားကာ သူ့စိတ်ဝိညာဉ်များ ကြည်လင်သွားသည့်အထိ သူ နာကျင်နေရ‌ေပမဲ့ သူ့ရှေ့က ပုံရိပ်က လုံးလံုး ပြောင်းလဲသွားခြင်းမရှိပေ။

နာကျင်မှုကြောင့် သူ့မျက်လုံးများသည် တစ်ခဏတာမျှ အေးစက်သွားကာ သူ့ရှေ့ရှိ မိန်းမစိုးအား ထိတ်လန့်တုန်ရီသွားစေလိုက်သည်။

...ကြည့်ရတာ သူသည် ဘာလို့မှန်းမသိဘဲ ရှေးခေတ်အချိန်က လူတစ်‌ေယာက် ဖြစ်လာပုံပဲ။

ဒီလူသည် ကျင်းမင်းဆက်၏ နောက်ဆုံးနှစ်ထဲက မင်းမျိုးမင်းနွယ်ဝင်တစ်‌ေယာက်ဖြစ်‌ေလာက်မည်။  ကျန်တာတော့... သူဘာမှ မသိရ‌ေသး‌ေချ။

အိုး.....သူသိတာ တစ်ခုရှိ‌ေသးတယ်။

ဒီလူက ဒီနေ့ ကိုယ်လုပ်တော်တစ်ယောက်နဲ့ လက်ထပ်ထားတာပဲ။  ဒါပေမယ့် အခု 'သူ' ဖြစ်လာတော့ ကိုယ်လုပ်တော်ကလည်း သူ့အပိုင်ဖြစ်သွားတာ‌ေပါ့။

ဒါတွေက သူရထားတဲ့ အချက်အလက်တွေ အကုန်လံုးပဲ ။  သူ့ရှေ့က မိန်းမစိုးက ဒီနေရာမှာ သူ့ကိုယ်ကို ကိုင်းညွှတ်ကာမတ်တပ်ရပ်‌ေနရင်း ပြုံးရွှင်စွာနဲ့ မင်္ဂလာအခန်းထဲကို ဝင်ဖို့ သူ့ကိုစောင့်နေတုန်းပင်။

ကျန်‌းဆွေကျောင်း ၏ ဦးခေါင်းကပေါက်ကွဲလုနီးဖြစ်နေလေပြီ။

...ဒါတွေအားလုံးက ဘာတွေလဲ !

သူ့ရင်တွင်းမှာ ထိတ်လန့်တုန်လှုပ်နေပေမယ့် သူ့မျက်နှာပေါ်မှာတော့ ဘာတစ်ခုမှ မ‌ေဖာ်ပြလိုက်ခဲ့‌ေပ။

မိန်းမစိုးက အနည်းငယ် စိုးရိမ်နေပုံရပြီး သူ့အပြုံးက အနည်းငယ် ခါးသီးသွားသည် ။  သူ သူ့အသံကို နှိမ့်ချလိုက်ပြီး သူ့လေသံက ဒုက္ခသုက္ခခံ၍ လက်ခံချင်လာအောင် အားကောင်းလာခဲ့သည်။

"သခင် ဒီအ‌ေစခံက အရှင် မလိုလားမှန်းသိပေမယ့် အဲဒါက ဧကရာဇ်မင်းရဲ့ အမိန့်တော်ဆိုတော့..." သူ အကြံပေးလိုက်ခဲ့တယ် "အရှင် မကြိုက်ရင်တောင် အသွား ပြပြီး‌ေတာ့ ကိုယ်လက်လှုပ်ရှားမှုပဲ ပြုလိုက်ပါ!  အဲဒီလူ.......ကျွန်တော်မျိုး ကြားထားတာတော့ သူ့ရဲ့သိုင်းပညာကို အစောပိုင်းက ဖျက်ဆီးခဲ့ပြီးလို့ အခုသူဟာ ဒုက္ခိတတစ်‌ေယာက် ဖြစ်နေပါပြီ။ အရမ်း‌ေဘးကင်းပါတယ် အဲ့တော့ အရှင် စိတ်ပူ‌ေနစရာ မလိုပါဘူး။"

ဒုက္ခိတစစ်နတ်ဘုရားက ကျွန်တော့် ကိုယ်လုပ်တော် ဖြစ်လာပြီးနောက်.. [UniCode Version]Where stories live. Discover now