Past

1 0 0
                                    

ဒီနေ့အရင်က conversation တွေကိုပြန်ကြည့်မိတယ်
"ငါတို့ဘာလို့ဒီလိုဖြစ်သွားကြတာပါလိမ့်"
သူ့ကိုခွင့်လွှတ်ဖို့တောင်တွေးမိလိုက်သေးတယ်
ဒါပေမဲ့သူငါ့အပေါ်လုပ်ခဲ့တာတွေကခွင့်လွှတ်စရာတစ်စက်ကလေးမှမရှိခဲ့ဘူး
အရင်ကအရမ်းခင်ခဲ့ကြသလောက်အခုတော့သူစိမ်းတွေဖြစ်သွားခဲ့ပြီပဲ
ငါ့ကိုနောက်ကျောဓားနဲ့ထိုးခဲ့တာနင်ပေမဲ့အခုတော့ငါကပြန်တောင်းပန်သင့်လားစဥ်းစားမိတယ်
"ငါလွန်သွားခဲ့တာများလား?"
မဟုတ်တာ သူကငါ့အပေါ်အရင်သစ္စာဖောက်ခဲ့တာလေ
ငါ့အတွက်သူကအချစ်ဆုံးသူငယ်ချင်း
မဟုတ်ဘူးငါ့အတွက်သူကမိသားစုဖြစ်ခဲ့တာ
ငါသူ့ကိုအကုန်ယုံကြည်ခဲ့တာ
ဒါပေမဲ့အချစ်ဆိုတဲ့အရာကြောင့်မိသားစုကိုပစ်ပယ်ခဲ့တာနင်နော်
ငါဘယ်လောက်နာကျင်ခဲ့ရလဲနင်မသိပါဘူး
တစ်ဦးတည်းသောရင်ဖွင့်ဖော်ငါ့ရဲ့တစ်ဦးတည်းသောယုံကြည်ရသူကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို
နင်ကတော့မျက်နှာပြောင်တိုက်လိုက်တာအရင်ဆုံးစကားပြောတာရပ်လိုက်တာငါပေမဲ့အဆက်အသွယ်ဖြတ်သွားတာနင်ဖြစ်နေတယ်
ဘယ်လောက်ပဲနောက်ကျောဓားနဲ့ထိုးခဲ့ထိုးခဲ့တစ်ခါတစ်လေတော့နင်နဲ့ပြန်ခင်ချင်မိတယ်
တစ်ခြားသူတွေနဲ့ဘယ်လောက်ပဲခင်လာခင်လာနင်နဲ့တုန်းကလိုတော့ဖြစ်လာမှာမဟုတ်ဘူးထင်ပါရဲ့
ငါလုပ်သမျှကိုဘေးကမခွာဘဲအားပေးခဲ့တာနင်ပဲရှိခဲ့တာ
နင်လုပ်သမျှလဲငါအကုန်အားပေးခဲ့တာနင်အသိဆုံးပါ
ရန်ဖြစ်ရင်တောင်စာမေးပွဲနီးလာရင်ဒါကျက်ဒါကျက်ဆိုပြီပြန်ပြေငြိမ်းခဲ့ကြတဲ့အထိတစ်ယောက်နဲ့တစ်ယောက်ဂရုစိုက်ခဲ့ကြတာလေ
အမြဲတမ်းငါဘာလုပ်လုပ်နင်ကငါ့ဘက်ကအမြဲရှိနေပေးခဲ့တာငါကလဲနင့်ဘက်ပဲရှိနေပေးခဲ့တာလေ
အဲ့တာကို အဲ့တာကိုဘယ်လိုလုပ်ပြီးငါတို့ရဲ့အမှတ်တရတွေနဲ့ခင်မင်ရင်းနှီးမှုတွေကိုမှအားမနာ
ငါ့ကိုဘယ်လိုလုပ်နောက်ကျောဓားနဲ့ထိုးရက်ခဲ့တာလဲ
အိမ်မှာပြဿနာတွေရှိခဲ့ရင်တစ်ယောက်နဲ့တစ်ယောက်ဖက်ငိုရင်းမငိုနဲ့တော့နင်ငိုတာနဲ့မလိုက်ဘူးရုပ်ဆိုးတယ်ပြောပြီးတစ်ယောက်နဲ့တစ်ယောက်ရီအောင်လုပ်ခဲ့ကြတာလေ
အမြဲတစ်ခုခုဆိုတစ်ယောက်ကိုတစ်ယောက်အရင်ဆုံးပြောခဲ့ကြတာလေ
နင်ဘယ်လိုလုပ်ငါ့ကိုနောက်ကျောဓားနဲ့ထိုးပြီးစွန့်ပစ်ခဲ့ရက်တာလဲ
"ငါတို့တစ်ယောက်နဲ့တစ်ယောက်မသိခဲ့ကြရင်ကောင်းမှာ"
နင့်လိုအရင်းနှီးဆုံးလူကိုဆုံးရှုံးရတာအချစ်စစ်က်ုလက်လွှတ်ရတာထက်ပိုနာကျင်ခဲ့ရတယ်ဆိုတာနင့်ကိုသိစေချင်တယ် နင်အခုဒီစာကိုဖတ်နေမယ်ဆိုရင်ပေါ့
"နှလုံးသားထဲကအခန်းတစ်နေရာကတော့သူ့ကိုသစ္စာဖောက်စွန့်ပစ်သွားတဲ့ပိုင်ရှင်ကိုအမှောင်ထဲကနေမုန်းတီးရင်းစောင့်နေပါလေရဲ့"
"တစ်ချိန်ချိန်မှာငါနင့်ကိုတစ်ကယ်ခွင့်လွှတ်လို့ရခဲ့ပြီးမုန်းတီးမှုတွေရပ်သွားရင်တော့ငါကိုယ်တိုင်နင့်ကိုလာတွေ့ပါ့မယ်"
-花AKUMA
5th may 2023 (12:31)

You've reached the end of published parts.

⏰ Last updated: Jul 28, 2023 ⏰

Add this story to your Library to get notified about new parts!

Thoughts of a witchWhere stories live. Discover now