ep(1)

11K 294 0
                                    

🖤 CAN'T LOSE YOU 🖤

Ep(1)

" အမြင်ကပ်စရာ ကောင်းလိုက်တာ "

ဒါကတော့ ရှောင်ကျန့်တယောက် ကျောင်း၀န်းထဲက ခုံတန်းတခုမှာ ထိုင်နေရင်း ကျောင်းထဲကို ခေါင်းမှာ ပတ်တီး အဖွေးသားနဲ့ ၀င်လာတဲ့ ထိုလူအား အမြင်ကပ် ပုဒ်မ တပ်လိုက်ခြင်း ဖြစ်သည် ။ ထိူလူသည် လွယ်အိတ်ကို ဘေးတစောင်း လွယ်ထားပြီး ပါးစပ်ထဲမှာလည်း ချိုချဉ်လုံးကို ထည့်ထားသေးသည် ။ နားကပ်တစ်ဖက် ၀တ်ထားတဲ့ လမ်းသရဲ ဆန်ဆန်ပုံစံက ကောင်မလေးတွေ အသေအလဲ ကြွေကျမှာ အမှန် ။ သူကတော့ တကယ် အမြင်ကပ်သည် ။ ခေါင်းမှာလည်း ပတ်တီးနဲ့ဆိုတော့ သူ့လိုဘဲ အမြင်ကပ်တဲ့ သူက ရိုက်ခွဲလိုက်တာ ဖြစ်မယ် ။ ရှောင်ကျန့် တွေးပြီး ကြိတ်ပြုံးရင်း ရုတ်တရက် သူ့ဘက် အကြည့်ရောက်လာတဲ့ ထိုလူကြောင့် စာအုပ်နဲ့ အမြန်ကွယ်လိုက်ရတယ် ။

" အို ~ ငါက သူ့ကို ကြောက်နေတာလား ...ဘာလို့  ကြောက်ရမှာလဲ  သူနဲ့ ငါမှ မသိတာ  "

" ရှောင်ကျန့် ! "

" အားးး အမလေး!!!!  ... "

ရုတ်တရက် သူ့ပုခုံးကို လာပုတ်တဲ့ သူကြောင့် ရှောင်ကျန့် လန့်ပြီး အကျယ်ကြီး အော်မိသွားသည် ။

" အို ~~ Fanxing စုတ် ငါလန့်လို့ သေတော့မယ် "

ရင်ဘက်ကို ဖိပြီး ပြောလာတဲ့ ရှောင်ကျန့်က အတော်လေး လန့်နေတာ ။ နာမည်လေး ခေါ်လိုက်တာ ဒီလောက် လန့်စရာ ပါလား ။ Fanxing တစ်ယောက် ရှောင်ကျန့် ဘေး၀င်ထိုင်ပြီး လန့်နေတဲ့ သူ့သူငယ်ချင်းကို ရေဘူး ကမ်းပေးလိုက်တယ် ။

"မင်းကလည်းကွာ နာမည်လေး ခေါ်တာကို ဘာလို့ အလောက်လန့်နေတာလဲ "

"ချီး မင်းက နောက်က ခေါ်တော့ ငါက လန့်တာပေါ့ မသာရဲ့ "

"အော် ဖြစ်ရမယ် ဒါနဲ့ အဲ့ဒါ ငါ့တို့ ကျောင်းရဲ့ King Wang Yibo မလား "

"ဘယ်သိမလဲ ဟုတ်မှာပေါ့ "

"ဟုတ်နေတာလေကွာ ဟိုမှာ မတွေ့ဘူးလား သူ့နောက်ကို ဒီလောက် မိန်းကလေးတွေ လိုက်နေတာ "

ဖုန်းတကိုင်ကိုင်နဲ့ ဓာတ်ပုံတဖြတ်ဖြတ်ရိုက်ကာ သူ့နောက်လိုက်နေကြသော မိန်းကလေးများကလည်း တစ်ကျောင်းလုံးလားတောင် အောက်မေ့ရတယ် ။ မသိရင် မင်းသား ကျနေတာဘဲ ။ အဲ့ပါရဲ့ ဒီရုပ်က ကျောင်းရဲ့ King တဲ့လေ ။ ငါဆို တော်သေး ...

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now