ep(13)

2.5K 156 0
                                    

🖤CTN'T  LOSE YOU 🖤

ep(13)

၀မ်ရိပေါ်တို့မျိုးရိုးက မျိုးရိုးစဥ်ဆက် ချမ်းသာပြီး အသိုင်းဝိုင်းကြီးထဲက တခုအပါအ၀င်ဖြစ်သည် ။ ၀မ်သခင်မကြီးကလည်း သားတယောက်သာ ဖွားမြင်နိုင်ပြီး နောက်ထပ် မျိုးဆက် ထပ်မရှိတော့တာမို့ သူမသားလေးကို အများကြီးမျှော်မှန်းထားသည် ။ တဦးတည်းသော သားမို့ အလိုလိုက်ခံရသလောက် ဆိုးလည်းဆိုးသည် ။ ၀မ်ရိပေါ်က အသက် 12 လောက်ထဲက ရန်ဖြစ်တတ်လာပြီး ခု 20ကျော်မှာလည်း ဖြစ်ခဲ့တဲ့ ရန်ပွဲတွေက ရေတွက်လို့တောင်မရပေ ။

သူမ အမျိုးသားနဲ့လည်း ခန ခန ပြသနာ တက်တာမို့ ၀မ်သခင်မကြီးမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုကို အကြောင်းပြကာ သူမအမျိုးသားကို နိုင်ငံခြားမှာဘဲ နေစေသည် ။ ဒါတောင် တခါတလေ ပြန်လာရင်တောင် သားဖတွေ တည့်တာ မဟုတ်ဘူး ။ ၀မ်သခင်မက  ယောကျ်ားနဲ့ ခွဲနေနိုင်တယ် သားနဲ့တော့ မခွဲနိုင်ဘူးဆိုတဲ့  လူစားမျိုးပါ ။

ဟိုနေ့က သားက ပြောလာတယ် သူမှာ ချစ်သူရှိနေပြီတဲ့ အဲ့လိုကိစ္စနဲ့ ပတ်သတ်ပြီး သူမသားဆီက ပထမဆုံး ကြားဖူးတဲ့ စကားပါ။  သူမသားကို ဆိုးတယ်လောက်ဘဲ သိထားတာ ချစ်တတ်လိမ့်မယ်လို့ မထင်ထားဘူး ။ ပြီးတော့ သူမသား ချစ်သူက ကောင်လေးတယောက် ဖြစ်ပြီး ရှောင်းအိမ်တော်က အငယ်ဆုံးသားလေး ဆိုလားဘဲ ။ ထိုကလေးကို ပွဲနေ့က သူမ မြင်ဖူးခဲ့သေးသည် ။ ချစ်စရာလေးပါ သားကြိုက်မယ် ဆိုလည်း ကြိုက်ချင်စရာလေး ။ သားသဘောဆိုတဲ့ ၀မ်သခင်မကြီးက ထိုကိစ္စကိုလည်း လက်ခံပေးမယ်လို့ ပြောခဲ့တယ် ။

ညတုန်းက သားကို လေလံပွဲအကြောင်းပြောပြတော့ သားက သူ့နဲ့ သူ့ကောင်လေး နေဖို့ အိမ်၀ယ်ပေးဖို့ ပြောတယ် ။ သူမမျက်လုံးတွေ ပြူးသွားရတယ် လက်ထပ်ဖို့ထိ ရည်ရွယ်လိုက်ပြီဆိုတော့ ချစ်သူဖြစ်တာ ကြာပြီလားမေးတော့ 3 ရက်ဘဲ ရှိသေးတယ်တဲ့ ။ သူမဘုရားတကာ သားကို မနိုင်ဘူးဆိုတဲ့ အကြည့်နဲ့ကြည့်၍ အိမ်၀ယ်ပေးဖို့ သဘောတူခဲ့သည် ။  သူမသားကို ချုပ်ကိုင်နိုင်လွန်းနဲ့ ထိုကောင်လေးနဲ့လည်း တခါလောက် တွေ့ကြည့်အုံးမှ
....

🖤CAN'T LOSE YOU 🖤 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now