Episode 1

11 0 0
                                    

လူတိုင်းမှာတစ်ဖတ်သတ်ချစ်ဖူးကြတဲ့သူတွေရှိမယ်ထင်ပါတယ် တစ်နည်းအားဖြင့် အချစ်ဦးပေါ့ အဲ့ဒီလိုပဲ ကျွန်တော့်မှာလည်းရှိပါတယ် ရှိခဲ့ဖူးတယ်မဟုတ်ပဲနဲ့ ရှိနေဆဲပေါ့။ အင်း တစ်ဖက်သတ်ဆိုတာထက် ကျွန်တော် သဘောကျတာ သူလည်းသိချင်သိနေမှာပေါ့လေ....

"သားရေ လင်းဆက်ရေ ‌ဒီမှာ မင်းကိုကြီးစောင့်နေပြီ အပြင်သွားစရာရှိတယ်ဆိုလည်း စောစီးပြင်ဆင်မထားဘူး နင်အခုမလာရင် ငါတုတ်နဲ့လာတော့မှာနော်"

ဒါကတော့ ဖြူဖြူကျော်သိန်းထက်တောင် အသံအောင်တဲ့ ဥမ္မာကျော်သိန်းတစ်ဖြစ်လည်း ကျွန်တော့်မားမားပဲဖြစ်ပါတယ်။

"အဲ့ဒါသာ ကြည့်တော့ သားခွန်းရေ မင်းညီက သိပ်ဆိုးနေတာ"

"အဟင်း ဟင်း ညီက အဲ့လောက်လည်းမဆိုးပါဘူး အန်တီရဲ့"

"အေး မင်းလည်း အဲ့မှာ အလိုလိုက်နေ"

"သားမကောင်းကြောင်းဘာတွေပြောနေတာလဲ မားနော် မဟုတ်တာတွေမပြောနဲ့"

မျက်စောင်းကလေး၀င့်ကာ ကြည့်လာတဲ့ သားဖြစ်သူကိုကြည့်ပြီး ဒေါ်ဥမ္မာတစ်ယောက် ချစ်မ၀ဖြစ်နေလေရဲ့..

"ကဲ ဒီကလေးတွေ ဘယ်သွားကြမှာလဲ အပြင်သွားမှာဆိုလည်း မြန်မြန်သွားကြ"

"သားမေးခွန်းဟောင်းစာအုပ်လေးလိုချင်လို့ အကိုကလိုက်၀ယ်ပေးမှာ မား"

"စာအုပ်ဖိုးရော ရပြီ‌လား နေနေ မားထပ်ပေးလိုက်မယ်"

" စာအုပ်ကို ကျွန်တော်ပဲ၀ယ်ပေးပါရစေအန်တီ"

"မဟုတ်တာ သားရယ် duty တွေနဲ့ရှုပ်နေတာတောင် ဒီကောင်လေးကို guide လုပ်ပေးနေတာနဲ့တင် အန်တီကသားကိုကျေးဇူးတင်နေပြီ"

"ရပါတယ် အန်တီရဲ့ ကျွန်တော်တို့ကိုခွင့်ပြုပါအုန်း"

"မား သွားပြီနော် မွ"

"အင်း အင်း ဂရုစိုက်သွားကြအုန်းနော် သားတို့"

ကဲ အစောကပြောနေ‌တဲ့အကြောင်းကိုဆက်ပြောရရင် အကိုဆိုတာ ကျွန်တော့်ရဲ့လူကြီးလေ
ဟဲဟဲ စတာပါ အကိုက YGHခွဲစိတ်မှာ တာ၀န်ကျနေတဲ့ဒေါက်တာ အကို့မေမေက ပိုးထည်တိုက်တစ်ခုကိုဦးစီးနေတယ် ကျွန်တော့်မားမားနဲ့ bffကြီးတွေပေါ့ အဲ့ဒါကြောင့်မလို့လည်း ကျွန်တော့်ကို guide လုပ်ပေးနေတာ‌လေ..ခင်ဗျားတို့ဒီလိုခံစားချက်မျိုးကိုသိလား? သဘောကျရတဲ့သူနဲ့အများကြီးကွာခြားနေတာမျိုးပေါ့ ကျွန်တော်က အခုမှ ဆယ်‌တန်းဖြေဖို့လုပ်နေချိန်မှာ အကိုက ခွဲစိတ်ဆရာ၀န်ဖြစ်နေပြီ
ကွာခြားချက်တွေများ အသက်၊ အလုပ်အကိုင်၊ ပိုင်ဆိုင်မှု အိုများလွန်းလို့ 
ဒါပေမယ့် ကျွန်တော်ကအဲ့ဒါတွေကိုမမှုပါဘူး ဘာလို့လဲဆို ခွန်းသူရိန်စျာန်ဆိုတဲ့ဘဲကြီးက ကျွန်တော့်အပိုင်ဖြစ်လာမှာမလို့ပဲ

You've reached the end of published parts.

⏰ Last updated: Sep 18, 2023 ⏰

Add this story to your Library to get notified about new parts!

မပိုင်ဆိုင်ရခြင်းများ ၏အလွန်Where stories live. Discover now