Part - II

355 54 4
                                    

Unicode

🍀

မက်သရူးရဲ့နေ့ရက်တိုင်းက သာယာနေခဲ့ပါသည် ။ ညတိုင်းလဲ chatbox ကနေစကားတွေပြောဖြစ်ကြတယ် ။  ကျောင်းပိတ်ရက်တွေမှာတောင် စီနီယာနဲ့အတူတူ cafe ဆိုင်သွားရင်း စာလဲလုပ်ဖြစ်တယ် ။

ဒီနေ့ကတော့ မက်သရူးပိုပြီးပျော်ရွှင်နေတယ် ။ စီနီယာကသူ့ကို musical show တစ်ခုတူတူသွားရန် လက်မှတ်လေးပေးထားတာကြောင့်ဖြစ်သည် ။

'' မေမေဒီနေ့ စီနီယာနဲ့အတူတူ musical show ကြည့်မှာမလို့ အိမ်ပြန်နောက်ကျမယ်နော် ''

မနက်စာစားရန် ထမင်းစားပွဲတွင်ဝင်ထိုင်တော့ မေမေက မက်သရူးပန်းကန်ထဲကို ဟင်းထည့်ပေးရင်းပြောလာသည် ။

'' မက်သရူးလေး စာကိုကြိုးစားနော် ဟန်ဘင်းတောင် Seoul University entrance အတွက်ပြင်ဆင်နေပြီတဲ့ Mrs.Sung ကပြောတယ် ''

'' စီနီယာက တော်တာပဲကို Roll no.1 နဲ့တောင် ဝင်ခွင့်အောင်ဦးမှာ ''

'' စီနီယာကိုသဘောကျတယ်ဆိုပြီး စီနီယာလိုကြိုးစားနော် မေမေ့သားလေး ''

စီနီယာကို သဘောကျနေကြောင်း အိမ်ကမိဘတွေကအစ ဝန်ထမ်းတွေအဆုံးအကုန်သိနေကြပါပြီ ။ ဆောင်းဟန်ဘင်းရဲ့ ဘယ်လောက်တော်ကြောင်း မက်သရူးနေ့တိုင်း ​မေမေ့ကို ကြွားဖြစ်တယ် ။ ဒါကိုသိတဲ့မေမေက မက်သရူးကိုအမြဲတမ်းစသည် ။

စီးပွားရေးလောကထဲမှာ ကြင်လည်နေတဲ့မိသားစုနှစ်ခုဖြစ်တဲ့အလျောက် ရင်းနှီးနေတဲ့အခြေအနေမှာရှိပါတယ် ။ မက်သရူးကသာ စီနီယာနဲ့အဆင့်တက်ဖို့ ကျန်နေတော့တာ ။

'' မေမေကလဲ မေမေ့သားမက်ဖြစ်လာမယ့်သူက တော်နေပြီးသားကို သားကမဖြစ်မနေကြိုးစားစရာလိုနေလို့လား ''

'' ဟယ် ဒီကလေး အမေကိုပြောရမယ့်စကားလား ဒါက ''

'' ဟီးဟီး သားကဒီတိုင်းပြောတာကို ကျောင်းသွားတော့မယ်နော် တာ့တာ ''

ဆောင်းဟန်ဘင်းထိပ်ထားစံမှုနဲ့ အိမ်ကနှင်ထုတ်မခံရခင် မက်သရူးကျောင်းကိုအမြန်သွားလိုက်တာကောင်းမည် ။ မဟုတ်ရင် မေမေကသူ့ကိုတကယ်နှင်ချတော့မယ် ။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jul 31, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

Crush Can't Neglect Me Nơi câu chuyện tồn tại. Hãy khám phá bây giờ