Part - I

670 69 3
                                    

- Unicode

🍀

'' မက်သရူးရားး တစ်နေ့တစ်နေ့ ဒိန်ချဥ်ဗူးတွေသွား”ထားနေရတာ မပင်ပန်းဘူးလား ဒီတိုင်းဖွင့်ပြောလိုက်ပါတော့လားကွာ စီနီယာကမင်းဆိုတာကိုလဲ ရိပ်မိနေတာကို ''

သူငယ်ချင်းရဲ့ တိတ်တခိုးအချစ်ကိုအားမရစွာနဲ့ ပြောလိုက်တဲ့ ထယ်ရယ်ရဲ့စကားကို ဆော့မက်သရူးကတော့ အရူးတစ်ယောက်လို ပြုံးရင်းကာတုံ့ပြန်တယ် ။

'' အော... ရောက်လာမှာပေါ့ အဲ့လိုနေ့ရက်တွေ..
ဒါပေမယ့်အခုတော့ ဒီတိုင်းလေးပဲ ဟီးဟီး ''

'' ဒီတိုင်းလေးကနေပြီး စီနီယာကသူများနောက်ပါသွားတော့မယ် ယောက်ျားလေးအထက်တန်းကျောင်း ဖြစ်နေတာတောင် ကျောင်းရှေ့မှာ စီနီယာကိုလာငမ်းနေတဲ့ ကျောင်းသူတွေတစ်ပုံကြီး မိန်းကလေးတွေတင်မကဘူး ကျောင်းမှာတောင် သဘောကျနေတဲ့ ယောက်ျားလေးတွေလဲအများကြီးကို ''

ထယ်ရယ့်စကားကို ပြန်မပြောတော့ဘဲ တိတ်ဆိတ်သွားတဲ့မက်သရူးရဲ့ အကြည့်တွေရှိရာကိုကြည့်မိတော့ ကျောင်းထဲကိုဝင်လာနေတဲ့လူတစ်ဦးရှိလေတယ် ။

စာသင်ခန်းထဲမဝင်ခင် ကျောင်းရှေ့ပန်းခြံကခုံတန်းမှာထိုင်နေချိန် မက်သရူးရဲ့တိတ်တခိုးအချစ်ဦး ဟာကျောင်းကိုရောက်ရှိလာတယ် ။ အချိုးတဲ့ညီတဲ့မျက်နှာအသွင်အပြင် ၊ ကြည့်ကောင်းတဲ့ခြေတံရှည်တွေနဲ့ ကျောင်းသားတွေအကုန်အတူတကွဝတ်ဆင်ရတဲ့ School Uniform ကိုသပ်ရပ်စွာဝတ်ထားပြီး သူမတူစွာထင်းထွက်နေတဲ့ visual နဲ့ ဆောင်းဟန်ဘင်းက boys planet ယောက်ျားလေးအထက်တန်းကျောင်းရဲ့ ဂုဏ်ဆောင်ကျောင်းသားတစ်ဦး ။ အဆင့် 1 ဆိုတဲ့နေရာက ဆောင်းဟန်ဘင်းအတွက်ဖြစ်တည်နေသလို ရုပ်ရုည်နဲ့လိုက်ဖက်တဲ့ အရည်အချင်းကြောင့်သူက စာတော်တဲ့ထိပ်တန်းကျောင်းသားတစ်ဦး ။ အနုပညာ ၊ အားကစားလှုပ်ရှားမှုတွေမှာလဲ ထူးချွန်တဲ့သူမလို့ ကျောင်းမှာနာမည်အကြီးဆုံးပဲ ။

အဘက်ဘက်ကပြည့်စုံနေတဲ့သူက တာဝန်ကျေလွန်းတဲ့ကျောင်းသားဥက္ကဌလဲဖြစ်သလို အထက်တန်းနောက်ဆုံးနှစ်က စီနီယာတစ်ဦးလဲဖြစ်ပြန်တယ် ။ ကျောင်းကိစ္စမှန်သမျှကို ကျောင်းသားတွေနဲ့တိုင်ပင်ဖြေရှင်းပြီး နွေး”ထွေး”ဆက်ဆံတတ်တဲ့ စီနီယာက ကျောင်းသားတွေကြားမှာ သေချာပေါက်နာမည်ကြီးသည် ။

Crush Can't Neglect Me Where stories live. Discover now