𝙼𝚊𝚔𝚎 𝚈𝚘𝚞 𝙼𝚒𝚗𝚎-𝙴𝚡𝚝𝚛𝚊:9𝚔𝚒𝚜𝚜𝚎𝚜

62 9 13
                                    

[အပို:အနမ်း၉ခု]

-ကျွန်တော်တို့နှစ်ယောက်ကြားက အနွေးဓါတ်ကလေးသည် ပိုတိုးလာလေ၏။

-ကျွန်တော်လည်း အအေးဓါတ်ပိုတဲ့ရက်တွေမှာ မီးလင်းဖိုရှိတဲ့အိမ်ကို အခက်အခဲမရှိ သွားနေနိုင်‌လေပြီ။

-Min YoonGiက ဒီနောက်ပိုင်း အလုပ်များနေသည်၊ သို့ပေမယ့် သူအိမ်ပြန်နောက်မကျပါ။

-Tulipအနီလေးတွေလည်း နေ့တိုင်းရနေဆဲ။

-စီးကရက်နံ့ကတော့ တစ်ပါတ်မှာ နှစ်ခါလောက်ရသည်၊ တစ်ခါတလေကျွန်တော့်လည်း တူတူသောက်ဖြစ်သည်။

-ကျွန်တော်ကြိုက်သောသီချင်းတွေကို ဂီတာနှင့် ဆိုပြဖြစ်သေးသည်။

-Min၏ စန္ဒရားလက်ရာမှာ သိသိသာသာပင် တိုးတက်လာလေသည်၊ ညတိုင်းလည်း စန္ဒရားတူတူတီးဖြစ်သည်။

"ကိုယ်ပြန်ရောက်ပြီ ပေါက်စန...

Gameချည်းပဲ ဆော့မနေနဲ့...

ကိုယ့်ကို အဖက်လုပ်ပါဦး...

ပေါက်စနက ကိုယ့်ကို မချစ်တော့ပါဘူး..."

-Gameက မပြီးသေးတာမလို့ အချိန်ခဏလေး လှည့်မကြည့်မိတာကို ခင်ဗျားမှာ ကမ္ဘာပျက်နေသလိုပဲ၊
မချစ်တော့ဘူးလေး ဘာလေးနဲ့။

"ခင်ဗျားက ဘယ်လိုဖြစ်နေသလဲ"

"ကိုယ့်အပေါ်လေသံမာလာပြီ၊ အရင်က ဒီလိုမဟုတ်ပါဘူး။ ငြိုငြင်နေတာပေါ့လေ..."

"Min YoonGi,ခင်ဗျားဟာလေ..."

-ထိုလူကပြုံးစစနှင့် အတင်းလာဖက်တော့သည်။

"မနက်က cupcakeတွေ စားလိုက်သေးလား"

"အင်း..တစ်ခုတလေစားလိုက်တယ်"

"ဟင်..အကုန်မစားဘူးလား၊ ကိုယ်က စားစေချင်လို့ လုပ်ပေးထားတာကို"

-အား...ဒီလို အချစ်ခံနေရတာကြီးက အိပ်မက်လိုပဲဟ။

"ချန်ထားတာ၊ ခင်ဗျားနဲ့ အတူစားချင်လို့လေ..
မရဘူးလား"

"ရတယ်..ရတယ် အများကြီးရတယ်၊ မျှော်လင့်ထားသလိုပဲ"

"ဘာကိုလဲ"

"ရေချိုးလိုက်ဦးမယ်"

-ခင်ဗျား ဒီနောက်ပိုင်း အရယ်အပြုံးလည်း များလာတာပဲ။

-ဒီလိုလူက ပြန်ချစ်တယ်ဆိုတာ မယုံနိုင်ဘူး..ငါ့နှယ်။

-Min YoonGiကို ပိုင်ထားရတာတော့ ကောင်းသား..ဟဲဟဲ။

"Cupcake10ခု လုပ်သွားတာကို ဘယ်နှခုကျန်တာလဲ"

"9ခု"

"ကိုယ့်ကို 9ခါနမ်း"

"ဟမ်..ဘာဆိုင်လဲ"

"1ခုဖိုးတောင် လျော့ပေးထားတာကို"

-သူ့ပါးကို ကျွန်တော့်ဘက်အတင်းတိုးပေးလာသည်။

-cupcakeဖိုး တောင်းနေတာက ချစ်စရာဗျာ၊ ဒီလူ ဒီလိုလည်းတတ်တာပဲလား။

"ခင်ဗျား...ဒီလိုလည်းတတ်တာပဲလား"

"ကိုယ့်ကို နမ်းကွာ"

"ဟုတ်ပြီ ဟုတ်ပြီ"

•အိမ်ထဲမှာ ပန်းတွေပွင့်နေတာကို သိကြလား...

•ရယ်သံတွေနဲ့ ရွှင်မြူးနေကြတာကိုရော...

•ဂီတာသံနှင့် စန္ဒရားသံက ရောယှက်နေတာကိုရော...

•စီးကရက်နံ့ ခပ်သင်းသင်းလေးရယ်...

•လူနှစ်ဦး ကျီစယ်သံတွေရယ်...

•လှပတဲ့ အနမ်းတွေနှင့် ပြီးပြည့်စုံနေပြီ။

[8.May5.2023]

..................

Note-(ရေးစေချင်တဲ့ ပုံစံရှိရင်ပြောခဲ့ပါ။)

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now