"သောက်နှာဗူးကြီး""Morning baby"
ကားတံခါးဖွင့်လာကာ ပြောလေသည်။
"..."
"ကိုယ် ပြောနေတယ်လေ Baby မောနင်းလို့ ပြန်ပြောရမှာပေါ့"
"မောနင်း"
ပြန်ဖြေပုံက ဆူပုတ်စွာ-
"မေးစရာရှိတယ်"
"....."
"စစ်နိုင် ဘယ်လိုဖြစ်သွားပြီလဲ"
"ထွက်ပြေးသွားတယ်"
"သူ့လူတွေ လာခေါ်သွားတာ"
စိတ်ထဲကြိတ်ဝမ်းသာမိသွားသည်။ ပြုံးချင်သွားမိတဲ့ ကိုယ့်မျက်နှာကို မျက်နှာပိုးသတ်ကာပင်-
"အဲ့တော့ ဒယ်ဒီက ဘယ်လိုလုပ်မလဲ"
"ငါ့ဘာသာ ကြည့်လုပ်မယ် အဲ့ခွေးမသားနဲ့ မျက်နှာချင်းဆိုင်ဖို့ မစဉ်းစားနဲ့"
တရားပါ့ ဦးစောခန့်ထယ်တို့များ... ဟွန့်
ညနေဘက် အပြန်မှာတော့ စစ်နိုင်ပါမလာခဲ့ပါပေ။
"ကျွန်တော် မှားခဲ့ပါတယ် အစ်မ"
"ဝတီ့ကို အပြစ်မတင်ပါနဲ့နော်"
ဘာတွေဖြစ်နေလို့ အခြေအနေက အဲ့လောက်တောင် ပြင်းထန်နေရတာလဲ။ ဒယ်ဒီ၊ ဒယ်ဒီ့မိန်းမ၊ စစ်နိုင်၊ ဦးလေးကြီးတစ်ယောက်နဲ့ အန်တီကြီးတစ်ယောက်။ ထို့ပြင် ဧည့်ခန်းထဲ၌ သူမနဲ့ဒယ်ဒီ(ဒယ်ဒီ့အဖေအိမ်မှ) အိမ်ခွဲနေပြီးနောက်ပိုင်း လုံးဝမမြင်ရတော့တဲ့ ဒယ်ဒီ့အဖေအထိပါ ရှိနေလေရာ...။ သူတို့အားလုံးရှေ့မှာ စစ်နိုင်က ဒူးထောက်နေလေသည်။
"ကျွန်တော့်အမှားပါ ဝတီ့ကို အပြစ်မတင်ကြပါနဲ့"
သူမခေါင်းထဲ၌ ခေါင်းထဲ၌ မေးခွန်းတို့ လှည့်လည်နေစဉ်-
"ဝတီ လာစမ်း"
"ဟုတ်ကဲ့ ဖေဖေကြီး"
ဒယ်ဒီ့မိန်းမက-
"စစ်နိုင်နဲ့အတူ အောက်မှာပဲထိုင်လိုက် သမီး"
သူမ ဘုမသိဘမသိ ထိုင်လိုက်သော်ငြား-
"သမီးနဲ့စစ်နိုင် မှားခဲ့ကြတယ်ဆို"
"ဘာတွေပြောနေကြတာလဲ သမီးမသိ..."