𝐅𝐑𝐈𝐄𝐍𝐃-1:𝐅

62 8 8
                                    

[𝐅]

-လူတစ်ယောက်ကို သဘောကျရတာက ပျော်ရွှင်စရာပါပဲ။

-သဘောကျရတဲ့အ‌ကြောင်းစဉ်းစားသည့်အခါ ကိုယ့်ကမ္ဘာမှာ ပန်းတွေပွင့်ကုန်တာချည်းပါပဲ။

-သဘောကျရတာ မပင်ပန်းပါဘူး။

-ကိုယ့်တစ်ဖက်တည်းက သဘောကျရင်တော့ သေလောက်အောင် ပင်ပန်းနာကျင်ရတာပဲ။

-အသွားအပြန်မရှိတဲ့ သဘောကျခြင်းက ပျော်ရွှင်စရာမကောင်းသလို၊ ပန်းတွေလည်း မပွင့်ရှာပါဘူး။

-အဲဒီအထဲမှာမှ သူစိမ်းတစ်ယောက်ကိုသဘောကျတာထက် ကိုယ့်သူငယ်ချင်းအရင်းကြီးကို သဘောကျတာက ပိုလို့ပင် ဆိုးရွားပါတော့တယ်။

"YoonGi...

YoonGi....

Min YoonGi..."

-နားရွက်နားက ကပ်အော်ပြီး အဆုံးမှာ ခေါင်းကို အရိုက်ခံလိုက်ရလေသည်။

"ဘာလဲဟ"

"အော်ခေါ်နေတာကို"

"ဘာကိစ္စမလို့လဲ"

"အပြင်သွားကြမလား"

"မသွားဘူး"

-စလာပြီ..လိုချင်တာမရရင် အနားမှာ ရှိတဲ့ပစ္စည်းနဲ့ ကောက်ပေါက်တော့မယ်။

*ဝှီး*

-ဝှီးခနဲ ပျံလာတဲ့ ခေါင်းအုံးက ဘေးနားကို ကပ်သီးလေးကျသွားသည်။

-နောက်ထပ်ပစ်မှတ်က စက်ရုပ်အရုပ်တွေဆီ။

"Jimin..တော်တော့"

"အဝတ်အစားလဲပြီးသွားကြတာပေါ့"

-စက်ရုပ်အရုပ်တွေက ကိုယ့်အားနည်းချက်ဆိုတာ သူသိတာပေါ့။

-ဒါကြောင့်လည်း သူလိုချင်တာမရရင် အရုပ်တွေကို ပစ်မှတ်ထားနေကြပဲ။

"ငါပြောမယ်..ငါလိုက်သာလိုက်လာတာ၊ ပိုက်ဆံမပါဘူးဟ"

"ချီးထဲမှပဲ..ရေခဲမုန့်တစ်ခုဖိုးတောင်မပါရအောင် မွဲနေပြီလား မင်းက"

"မပါဘူးလို့ Jiminရ"

"အဲဒါနဲ့ ရှင်းကြည့်ကြမလား"

-ကိုယ့်လက်ထဲက နာရီကို အကြည့်ပို့ရင်း ပြောလာသည်။

"ငါ့နာရီက ဒီထက်ပိုတန်ပါတယ်ကွာ"

-နာရီက မင်းဆီက လက်ဆောင်ရတာလေ၊ ဘယ်လိုစိတ်နဲ့ ငါက ပေးရမှာလဲ။

"ပါတဲ့ ပိုက်ဆံထုတ်စမ်းပါ"

-ဘောင်းဘီအိတ်ကပ်ထဲက ရှိသမျှအကြွေယူသွားသည်။

-သူ(Jimin)၏ကိုယ်ပိုင် ကိုယ်သင်းရနံ့လေးက ကိုယ့်တစ်ကိုယ်လုံးကို လွှမ်းခြုံလေ၏။

"တစ်ခုဖိုးရတယ်"

-လိုချင်တာရသွားတော့ ပျော်ရွှင်သွားတာက ကလေးတစ်ယောက်နှယ်။

-ဒီအပြုံးလေးကို ကိုယ်တစ်ယောက်တည်း အတွက်သိမ်းထားချင်မိပါရဲ့။

[10.May5.2023]

..............

Note-(ဒါလေးအရင်ရေးကြည့်မယ်နော်)

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now