𝐅𝐑𝐈𝐄𝐍𝐃-2:𝐑

52 6 3
                                    

[𝐑]

-Jimin,Park Jimin.
သူနဲ့ ကိုယ် ခင်လာတာ 10နှစ်နီးပါးရှိပြီ။

-လွန်ခဲ့တဲ့ သုံးနှစ်လောက်စပြီး မူမမှန်မှုက ကိုယ့်ဆီမှာဖြစ်လာတာပဲ။

-Jiminကို ကိုယ်သဘောကျနေတယ်ဆိုတာ ခက်ခက်ခဲခဲနဲ့ လက်ခံခဲ့ရတယ်။

-ဒီအကြောင်းအရာက ကိုယ်တစ်ယောက်တည်း သိထားရမယ့်အရာ။

-Jiminကိုတော့ ဖွင့်ပြောဖြစ်မယ်မထင်ပါဘူး၊ ဒါပေမဲ့လည်း...

- Arctic Monkeysရဲ့ (I wanna be yours)သီချင်းထဲက စာသားလိုပေါ့။
[Secrets I have held in my heart
Are harder to hide than I thought]

-ခက်ပါတယ်...ထင်ဝာာထက်ခက်ပါတယ်။

-သူက ရိုးသားရှာပါတယ်၊ ကိုယ်ကသာ မရိုးသားနေတာ။

"YoonGi..."

"..."

"မင်းသိလား...အနီးအနားကလူတွေက ငါတို့ကို gayနေတာလို့ပြောတယ်၊
မင်းနဲ့ငါ တွဲနေတာတဲ့ကွာ...ရူးနေကြတာပဲ၊ ဘယ်လိုရူးစရာလဲ။ မင်းစဉ်းစားမိလား..."

"ဘာကိုလဲ"

"ငါတို့တွဲတာကိုလေ..မဖြစ်နိုင်စရာပဲကွာ၊ ယောကျာ်းလေးချင်းက ထားပါဦးကွာ..သူငယ်ချင်းအရင်းကြီးကို။
ဟာ..တော်ပြီကွာ၊ စိတ်ရှုပ်စရာ"

"မင်းပဲ အာရုံများနေတာ"

-ကိုယ့် အသံမတုန်ရင်အောင် မနည်းထိန်းပြီးပြောလိုက်ရတယ်။

-သူငယ်ချင်းအရင်းကြီးဆိုတဲ့ စကားက ကိုယ့်လမ်းစကို ပိတ်ချလိုက်ပြီ။

-သိုသိုသိပ်သိပ်ပဲ နေရမှာပါလေ။

"ငါတို့တွဲရင်ရော..."

"ဟင်.."

"ငါ ယောကျာ်းလေးနဲ့ တွဲကြည့်ရင်ရော"

"ဟမ်"

"တွဲကြည့်ရမလား"

"မင်းသဘော"

-ကိုယ့်ကို လာသတ်နေတာပဲ Jimin။

"မင်းအဖြေကလည်း ချက်ချင်းကြီး၊ မင်းကို အဖြေတောင်းရင်တောင် အဲ့လိုမြန်မှာမဟုတ်ဘူး"

-စကားဆက်ပြောဖို့တောင် အင်အားပျောက်ဆုံးသွားသည်။

-မင်းတွဲမယ့် ယောကျာ်းဟာ ကိုယ်မဟုတ်တာ သေချာပါရဲ့။

-ဒီနေရာက အမြန်ပြေးထွက်သွားချင်မိသည်။

[13.May5.2023]

𝙳𝚘𝚞𝚋𝚕𝚎 𝙼𝚒𝚗 [𝐬𝐡𝐨𝐫𝐭 𝐬𝐭𝐨𝐫𝐢𝐞𝐬]Where stories live. Discover now