Mafiaကတော်က အဆိပ်ပြင်းတယ် 7

110 7 4
                                    

' ဒုန်း '

ကိုး ဟိုနှမပေး 3ကောင်ထွက်လာတာကိုမြင်တာနဲ့တစ်ပြိုင်တည်း ညှာညှာတာတာလီဗာကိုဂိတ်ဆုံးထိ
တင်ပြီး တရွတ်တိုက်ပါလာ‌အောင် ဆွဲချလိုက်တယ် ဒီကောင်‌တွေက ကိုယ့်အပိုင်ထဲလာစော်ကားပေမဲ့
ကိုယ့်သိက္ခာထက် ကိုယ့်ပိုင်ဆိုင်မှုကိုပိုတန်ဖိုးထား
ရမှာလေ ကာစီနိုထဲသွား‌သောင်းကျန်းရင် ကိုယ်
ပိုင်ဆိုင်မှုတွေဘဲအထိနာမယ်လေ ဒါမျိုးလာစမ်းလို့
ရမလား မင်းခတို့ကတစ်ဆင့်ဟိုကောင်တွေကို
သတ္တိရှိရင် အရှေ့ထွက်ခဲ့ဆိုပြီးချိန်းလိုက်တာနဲ့
ဦးနှောက်ခြစားနေတဲ့‌ကောင်တွေက ချက်ချင်း
ထွက်လာပါ‌လေရော ကိုးလဲအချိန်ဆွဲမနေဘဲ
ထွက်လာတာနဲ့ ညှင်ညှင်သာသာ ယုယုယယ
ကြင်ကြင်နာနာ မသေယုံတစ်မယ် တိုက်
ပြစ်လိုက်တယ် ဟွန်း စိတ်တော့မကောင်ဘူးပေါ့
ဒါပေမဲ့ လိမ်တာ

" ဘယ်လိုလဲ အဆင်ပြေရဲ့လား ရေသောက်မလား မုန့်စားမလား "

ကိုး ဟိုကောင်3ကောင်နားထိုင်ပြီးမေးလိုက်တယ် အာပါးပါး တစ်ကောင်ဆိုသွေးတွေနဲ့လှပနေရော

" ယျောင့် 9 မင်းသတ္တိရှိရင် ဒဲ့ရှင်းလေ ဒါဘာလုပ်
တာလဲ "

" ငါကရော ဒဲ့မရှင်းလို့ စောင်းရှင်းနေလို့လား ဟွန်း "

" 9မင်းကပ်သပ်မပြောနဲ့ မင်းလက်ချင်းရှင်းလေ
ဘာလို့ကားနဲ့ဝင်တိုက်ရတာလဲ "

ကိုး ရှေ့တည့်တည့်ကနေ ဒီ‌လောက်ထိဖြစ်‌
‌နေတာကိုမိန်းမလိုမိန်းမရ လာ‌ဟောင်နေတဲ့
‌ကောင်ကို မခန့်ပေါက်နဲ့ ကားမြှီးကိုလက်ပိုက်မှီရင်း
အေးအေးဆေးဆေးပုံစံနဲ့ ကြည့်နေလိုက်တယ်
စိတ်တိုလွန်ပြီး ဘဝကူးသွား‌‌တော့လဲ ရှင်းရတာ
တစ်ယောက် သက်သာတာပေါ့

" မင်းတို့ကရောဘာကြောင့် ငါအပိုင်ထဲထိလာပြီး
ငါကိုစိန်ခေါ်ရဲရတာလဲ မင်းတို့လူ့လောကမှာနေ
ရတာငြီး‌ငွေ့‌နေပြီလား "

" 9မင်းသတ္တိရှိရင် ငါ့ဆီလာခဲ့လိုက် "

"လာဆိုတော့လဲ ဒီကမင်းလောင်ဇီကလာပေး
ရတာပေါ့ "

ဟ ဒီ‌ကောင်ရာသီလာနေတာလား သူဘဲသူနားခေါ်
ပြီး ကိုယ်လဲလာရော မြန်မာကားထဲက မတရား
အကျင့်ခံရတဲ့မိန်းမပျိုလေးလိုဖြစ်ပျက်နေလိုက်တာ
မသိရင်ကိုယ်က ခင်မို့မို့ကိုးပေါ့ တကယ့်ကောင်
ဟိုသီချင်းလိုလေ ကိုယ်က‌ရှေ့တိုးလာလို့ နောက်
ဆုတ်တာလား နောက်ဆုတ်မယ်ထင်ပြီး ရှေ့တိုးဖို့
့ခေါ်တာလား အဲ့လိုဖြစ်နေပြီအခုက

  Mafiaကတော်က အဆ်ိပ်ပြင်းတယ်Where stories live. Discover now