Part 1 (Unicode)

449 54 7
                                    

"ရုပ်ကမသက်မသာနဲ့" ဝမ်မားမားက ရေနွေးသောက်နေတဲ့ဝမ်ရိပေါ်ကိုကြည့်ပြီးရေရွတ်ပါတယ်။

ဝမ်ရိပေါ်က ရေနွေးတစ်ငုံကိုသောက်တယ်။ ပြီးတော့ ထိုရေနွေးခွက်ထဲသို့ ရေနွေးခရားထဲမှရေနွေးကိုထပ်‌လောင်းထည့်ပြီး‌ မီးဖိုခန်းထဲမှထွက်သွားပါတယ်။

ဝမ်ရိပေါ်ရဲ့မျက်နှာထပ်မှာ ဒီလိုမကျေလည်တဲ့ရုပ်ဖြစ်လာတာက လွန်ခဲ့တဲ့နှစ်နှစ်တည်းကဖြစ်တဲ့အလျောက် ဝမ်မားမားသည်လည်းမြင်ရတာရိုးအီနေပါပြီ။

"ငါ မင်းကိုပြောပြီးပြီ … ရှောင်းကျန့်ရှိတဲ့ ပေကျင်းကို မင်းပြန်သွားလို့ ငါဝမ်းနည်းနေမှာမဟုတ်ဘူး" သူမက ဒီစကားကို နှစ်နှစ်လုံးလုံးပြောနေခဲ့ရပေမဲ့ မမောနိုင်သေးပါဘူး။

ဝမ်ရိပေါ်ဘဝမှာ ဘာလိုချင်လဲ သူမအသိဆုံး။ ဒီအိမ်ကို ဝမ်ရိပေါ်ရည်းစားအနေနဲ့ ရှောင်းကျန့်ပထမဆုံးရောက်တဲ့နေ့က သူမရဲ့ခင်ပွန်းဖြစ်သူ ဝမ်ဖခင်ကြီးတောင် သွေးတွေနားထင်ဆောင့်တတ်နေပေမဲ့ ထိုအရာကိုတောင် မမှုတဲ့ဝမ်ရိပေါ်ရဲ့မကောင်းတဲ့ဘက်ခြမ်းကို သူမမြင်ပြီးတည်းက ဝမ်ရိပေါ်ဘဝမှာ ဘာကိုအလိုချင်ဆုံးလဲဆိုတာ သူမအသိဆုံးဖြစ်ခဲ့ပါတယ်။

သူမ,ရှိနေရာ မီးဖိုခန်းထဲ ဝမ်ရိပေါ်မရှိတော့တဲ့အခါမှသာ သူမသည်လည်း ဝမ်အိမ်အတွက်မနက်စာကိုကောင်းမွန်စွာချက်ပြုတ်နိုင်ပါတယ်။ ဒီနေ့က အိမ်အကူအဒေါ်ကြီးရဲ့နားရက်ဖြစ်တဲ့အတွက် သူမကိုယ်တိုင် မီးဖိုခန်းကိုဝင်ရပါတယ်။  မနေ့က လက်ကျန်ဟင်းတွေကို  ပြန်နွေးရန် microwave ကို ဖွင့်တဲ့အခါ သူမစိတ်ပျက်စွာထအော်ပါတော့တယ်။
"ဝမ်ရိပေါ် !!… မင်း ရောက်နေတာ လော့ရန်က အိမ်နော် ပေကျင်းက မင်းနဲ့ရှောင်းကျန့်ရဲ့အိမ်မဟုတ်ဘူး!!"

မျက်နှာသုတ်ပုဝါကိုလျော်ပြီးတိုင်း ပိုးသတ်ဖို့ ဒါကိုသုံးရမယ်လို့သူတို့နှစ်ယောက်ကို ဘယ်သူကများပြောခဲ့တာလဲ။

"ရှောင်ရှောင်း(ရှောင်းလေး) မင်းအဲ့ပေါက်စီပေါင်းတဲ့အိုးကြီးထဲ ဘာလို့အဲ့ပုဝါလိပ်တွေ ထည့်ပြန်တာလဲ" ဒါ ရန်မုန် မေးကိုမေးသင့်တဲ့မေးခွန်းပဲ။ သူဒီအိမ်ကိုရောက်ပြီးတည်းက ရှောင်းကျန့် တစ်ပတ်တစ်ခါ ပေါင်းတဲ့ ဒီအိုးထဲက မျက်နှာသုတ်ပုဝါတွေကို ကော်ပြန့်လိပ်မှတ်ပြီး ဝါးမိနေတာ ဘယ်နှကြိမ်ရှိပြီမို့လို့လဲ။

The second time of a romantic rendezvous (YiZhan)Where stories live. Discover now