Hate That(Taegyu-4)

165 16 5
                                    

"ကိုကိုရေ ဟန်နီလေ အိမ်ပြန်နောက်ကျမယ်ထင်တယ်"
"ကိုကို့ဘာသာ ညစာစားနှင့်လိုက်တော့နော် ဟီးဟီး"

အိပ်ရာပေါ်လဲနေတဲ့ ဘောမ်ဂယူက ဘာမှပြန်မပြောပဲဖုန်းချလိုက်သည်။ ကုမ္ပဏီကိစ္စက သတင်းအမှားဖြစ်တာမို့ အချိန်တိုလေးအတွင်းမှာဖြေရှင်းပြီးသွားပေမဲ့ ထယ်ယွန်းအကြောင်းကို အခုထိတွေးနေမိသည်။ နောက်တစ်ကြိမ် အမှားတစ်ခုသာထပ်လုပ်မိရင်၊ အဲ့ဒီအချိန်ကျရင် သူနဲ့ထယ်ယွန်းတို့ တကယ်ပဲပြီးဆုံးသွားတော့မှာလား။ ဗိုက်ထဲက ပူပြီးအောင့်တက်လာတဲ့ခံစားချက်ကြောင့် သူ့ဘေးကခေါင်းအုံးကိုယူကာ ဗိုက်ကိုဖိထားလိုက်သည်။ ဒီရက်ပိုင်း stressတွေများတာကြောင့် ဗိုက်ခဏခဏအောင့်သလို ခေါင်းလဲခဏခဏကိုက်နေသည်။ ချွေးစေးတွေပါထွက်လာပြီး ခေါင်းတွေမူးဝေလာတာကြောင့် အိပ်ရာထဲက ဘယ်မှမသွားနိုင်။

ထယ်ယွန်းကတော့ ထုံးစံအတိုင်း သူ့ရုံးခန်းထဲအလုပ်လုပ်နေဆဲ။ ခါတိုင်းလိုပင် ကုန်သွားတဲ့ကော်ဖီခွက်ကိုပြန်ဖြည့်ရန် မီးဖိုချောင်ထဲဝင်လာတော့ ဘောမ်ဂယူအတွက်ပြင်ထားပေးတဲ့ ညစားက တစ်စက်လေးတောင်မလျော့။

"ထမင်းထွက်မစားပဲ ဘာလုပ်နေတာတုန်း...."

ကော်ဖီခွက်ကို စားပွဲပေါ်ချကာ ဘောမ်ဂယူရဲ့အခန်းတံခါးကိုသွားခေါက်တော့ ဘာအသံမှမကြားရ။

"ဂယူ..."

"........"

"ဂယူ အိပ်နေလား..."

"ဂယူ..."

သုံးလေးခါခေါ်ပေမဲ့ ပြန်မထူးတာမို့ တံခါးကို ဖွင့်ရန်ကြိုးစားတော့ တံခါးလော့မချထား။ ထို့ကြောင့်အခန်းထဲကိုချောင်းကြည့်တော့ ဘောမ်ဂယူက အိပ်ရာပေါ်မှာငြိမ်ငြိမ်လေးရှိနေသည်။ အတတ်နိုင်ဆုံးခြေသံမမြည်အောင် သတိထားပြီး အနားကိုလျှောက်သွားတော့မှ ချွေးတွေစိုရွဲနေတဲ့ ဘောမ်ဂယူကိုတွေ့လိုက်ရသည်။ ပထမဆုံးအကြိမ် ထမင်းအတူစားတုန်းကလိုမျိုးဖြစ်နေတာကြောင့် စိတ်ပူပြီး အင်္ကျီလက်ကို လှန်ကြည့်ပေမဲ့ အနီစက်ဆိုလို့ မြူမှုန်လောက်တောင်မတွေ့ရ။ ထို့ကြောင့် ဘောမ်ဂယူကို ထူပြီး အတင်းနှိုးဖို့ကြိုးစားတော့သည်။

TXT SHORT STORYWhere stories live. Discover now