Yes..I love you.

148 25 9
                                    

အင်းးတကယ့်ကိုအရမ်းနစ်ဝင်နေပြီ..သူ့နှုတ်ခမ်းတွေဦးဆောင်မှုအတိုင်း မွတ်မွတ်သိပ်သိပ်ကိုလိုလိုချင်ချင် နမ်းနေမိတာ

နှုတ်ခမ်းတွေကိုဖိဖွပြီးဆွဲစုတ်နေတဲ့ ဒီဘဲကြီးကို အရမ်းသဘောကျတယ်။ ကိုယ်သင်းနံ့လိုဖြစ်နေတဲ့ အဲ့စီးကရက်နံလေးကိုလည်းရှုရှိုက်လိုက်တိုင်း နက်နက်ရှိုင်းရှိုင်းကိုသဘောကျတယ်။

အချစ်ဆိုတာရှိလားမရှိလားမသိချင်ဘူး။
သူသာ ကျွန်တော့်အပိုင်ဖြစ်လာရင် တကယ်ဘာမှထပ်မလိုတော့ဘူး။

"ကိုယ့်အိမ်လိုက်ခဲ့မလား"

နမ်းနေတာကိုအရှိန်သတ်ပြီး မေးလာတဲ့သူ

"ဟင့်အင်း"

အငြင်းခံလိုက်ရတော့လည်းမျက်နှာလေးတစ်ချက်ပျက်ပြီး ခေါက်ဆွဲဖိုး သူအခုပဲရှင်းလိုက်မယ်တဲ့လေ ။သူ့လက်ကိုလှမ်းဆွဲပြီးမျက်လုံးတွေကိုသေချာစိုက်ကြည့်လိုက်ပြီးမှ

"စကားပြောနေတုန်းကိုဘယ်သွားမလို့လဲ"

"ဟင့်အင်းးခင်ဗျားအိမ်မလိုက်ဘူး"

"အင်းး"

"ကျွန်တော့်အိမ်ကိုပဲခင်ဗျားလိုက်ခဲ့!"

"မင်းကတကယ့်ကောင်ဆိုးလေးပဲ"

တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြပြီးဘာစကားတစ်ခွန်းမှမပြောဘဲနဲ့ကို နှစ်ယောက်လုံးပြုံးရယ်နေခဲ့ကြတာ။

"ကျွန်တော့်အပိုင်လုပ်မလား ဘဲကြီး"

"နေ့တိုင်းခေါက်ဆွဲပြုတ်အလကားကျွေးမယ်လေ"

"ဟားဟားးး ကမ်းလှမ်းချက်ကကြီးလှချည်းလား"

"ကိုယ်ကအရမ်းဆိုးတယ်နော်"

"မင်းအပိုင်ဖြစ်သွားရင် ကိုယ့်ကိုသေချာထိန်းနိုင်လို့လား ကောင်လေးရဲ့"

"သေချာတာပေါ့ ဘာလို့ဆိုကျွန်တော်လည်း
မလိမ္မာဘူးလေ"

"စီးကရက်တွေအရက်တွေအရမ်းသောက်လို့ ရောဂါရ​ပြီးသေရင်လည်းအတူတူ ။ရန်ဖြစ်လို့ ဓားထိုးခံရပြီးသေရင်လည်း အတူတူပေါ့"

"အနည်းဆုံးတော့ ခင်ဗျားနဲ့နောက်ဆုံးထိဘေးမှာအမြဲတူတူရှိနေမယ်လို့ ကတိပေးတယ်"

You've reached the end of published parts.

⏰ Last updated: Apr 11 ⏰

Add this story to your Library to get notified about new parts!

There's no rule for LOVE~Where stories live. Discover now