Mafiaကတော်က အဆိပ်ပြင်းတယ် 8

123 8 4
                                    

' ဟင် '

မဟာ ငထိုက်အပြောကြောင့်လှည့်ကြည့်လိုက်တော့ မဟာ အရှေ့ကိုဖုန်းတစ်လုံးထိုးပြလာတယ် မဟာ
မှာကြည့်ပြီ ဟင်‌တောင်တမိသွားတယ် ပြလာတာ
ပုံတစ်ပုံ မဟာ​‌ကောင်‌လေး‌နောက်လိုက်ခိုင်းထားတဲ့ လူယုံတွေထဲကတစ်ယောက်ပို့ပေးလာတာ  ပုံထဲမှာကောင်လေးက ရန်ပွဲတစ်ခုမှာဖြစ်ပုံရတယ်
ဂျူဒီကုတ်အဖြူတောင်မချွတ်ဘဲ တစ်ဖက်ကလူ‌တွေကို အပြီအပြင်တွယ်နေတာ အဲ့ကောင်လေးတွေရဲ့ခန္ဓာကိုယ်မှာလဲ သွေးတွေဆိုတာမမြင်ချင်မှအဆုံးဘဲ
ကောင်လေးက အဆိုးလေးဘဲ

" မဟာမင်းကောင်လေးက ခပ်ဆိုးဆိုးလေးဘဲ
ဝတ်ထားတဲ့ဂျူဒီကုတ်အဖြူတောင်အားမနာ အပြီဗျင်း
‌နေတာဘဲ " လို့မင်းခကလဲမှတ်ချက်ဝင်ပေးတယ်

" ဟုတ်တယ်မဟာ တကယ်ဆိုးတာမင်းကောင်
‌လေးက ဒါပေမဲ့ ဒီလိုအချိန်မှာတောင်မိမိုက်နေ
တာဘဲ ဒါတော့ငြင်းလို့မရဘူး " ငထိုက်ကလဲ
သူမြင်တာကိုအားကျမခံပြန်ပြောလာတယ်

" အင်း စိတ်ဝင်စားဖို့ကောင်းတယ် "

စကားလေးတစ်ကြောင်းပြောပြီး ဘယ်သူ့မှလှည့်
မကြည့်ဘဲစာကြည့်ခန်းထဲကထွက်သွားတဲ့မဟာ
‌ကြောင့် ငခါးတို့လဲ‌နောက်က လိုက်ထွက်လာ
လိုက်ရ‌တော့တယ်

Next day

ကိုးတို့3ယောက်အခုရောက်နေတာ ထိုင်းမှာ ကိုး
‌ကျောင်းသွားတတ်တုန်းက ခင်ခဲ့တဲ့ သူငယ်ချင်း
ကပြားမလေးပိုင်တဲ့ Royalဆိုတဲ့ ကားပြိုင်ကွင်း
တစ်ခုမှာ ကိုးမိတ်ဆက်ပေးထားလို့ ဟို2ကောင်
နှင့်လဲခင်နေကြပြီ မသိရင်အဲ့3‌ယောက်ကငယ်
‌ပေါင်းကြီးဖော်တွေလိုလိုနဲ့ အခုလဲ‌ရောက်‌နေပြီ‌‌
‌ပြောပြီးအရိပ်ရောင်တောင်မမြင်ရသေးတဲ့
‌ဒေါ်မမှီကို သူတို့ထိုင်စောင့်နေရတာ နာရီပေါင်း
212နာရီလောက်ရှိနေပြီ ဟောပြောရင်းဆိုရင်း
ကြွလာပါပြီ ခုနကထိဆူညံနေတဲ့ကားကွင်းထဲက
အသံတွေက ခုတော့လဲမီးကိုရေနှင့်ငြိမ်းလိုက်
သလိုဘဲ တိကနဲ တိတ်သွားရော ဒါကြောင့်ဟို
ကပြားမကလဲ သူလာရင်အကုန်မီးသေပွဲငြိမ်းဆိုပြီး
‌ခြေထောက်နက် ‌မြေကြီးထိကိုမထိတော့တာ

  Mafiaကတော်က အဆ်ိပ်ပြင်းတယ်Where stories live. Discover now