Part 4

130 15 2
                                    

"ဘာလို့ကြည့်နေတာလဲ"

"ချစ်ဖို့ကောင်းလို့။ မင်းသိလား အကို တီဗီ အစီအစဉ် တစ်ခုမှာ ပြောဖူးတယ်။ အကို့ရဲ့ ချစ်သူဖြစ်မဲ့သူက အကို ဘယ်သူဆိုတာ မသိတဲ့သူဘဲ ဖြစ်ရမယ်လို့။ အခု အကို ရှာတွေ့ပြီထင်တယ်"

"ဟင်"

ဘာလဲဒီလူက အခုမှတွေ့တာကို ချက်ချင်းကြီး အဲ့လိုပြောလို့ရလို့လား။ ကျွန်တော့်ရင်တွေ တစ်ဒိတ်ဒိတ်ခုန်နေသည်။

"အကိုကစတာပါ။ ရင်းနှီးသွားအောင်လို့။ မင်းအခု ဘာအလုပ်လုပ်နေလဲ"

"ကျွန်တော် စားသောက်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်အဲ့မှာဘဲနေတယ်"

"အော် ဒါဆို ဆိုင်လိပ်စာပေးထားလေ။ အကိုလာစားမယ်။ အကို့ကို ဖုန်းနံပါတ်ပေးအုံး"
"ဟုတ်ကဲ့"

Jimin သည် Hoseok နှင့် တွေ့ရသည့်အတွက် အလွန် ပျော်နေတော့သည်။

ရုတ်တရပ် သူကျွန်တော့်နားတိုးလာသည်။ ထို့နောက် ကျွန်တော့် မုန့်ပန်းကန်ထဲက မုန့်အား သူကိုယ်တိုင် ခွံ့ကျွေးသည်။ ထိုအခိုက်အတန့်သည် ကြည်နူးဖို့ ကောင်းလွန်းနေသည်။ Jiminလက်က ဒဏ်ရာကြောင့် မုန့်များအား Hoseok ကသာ ခွံကျွေးပေးသည်။ ရုတ်တရပ် Hoseok ၏ ပရိတ်သတ်များမှ ခွံ့ကျွေးနေပုံအား ဓာတ်ပုံလှမ်းရိုက်လိုက်ပြီး လိုင်းပေါ် တင်လိုက်သည်။ သူတို့နှစ်ဦး မု့န်စားပြီး Jimin အား ဆိုင်ပြန်ပို့ပေးလိုက်သည်။

"အကိုသွားတော့နော်"

"မနက်ဖြန်လဲ အကိုလာခဲ့မယ်နော်။ မင်းကိုစိတ်ပူလို့။ အကို့ကို အချိန် မရွေးဖုန်းဆက်နော်"

"ဟုတ်"

သူတို့နှစ်ဦးအား နောက်မှ လှမ်းကြည့်နေသည် Yoongi သည် ဒေါသထွက်သည့်အကြည့်များဖြင့် Jimin အား စောင့်ကြိုနေသည်။

"အကို ပြန်‌ရောက်တာ မြန်သားဘဲနော်"

"မင်းကသာ သူငယ်ချင်းတွေ ဘာတွေရနေပြီပေါ့။ နေပါအုံး မင်းလက်က ဘာဖြစ်တာလဲ"

Yoongi Jimin အား စိတ်ပူသွားသည်။ လူတိုင်းလိုလို စိတ်ပူသည့် စိတ်ကိုတော့ ထိန်းမရဘူးလေ။

"ကားနဲ့ နဲနဲလေး ဝင်တိုက်မိရုံပါ။ ခုနက အကို့ကားနဲ့"

"အဲ့တာ Hoseok မလား။ မိဘကချမ်းသာတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်နေတာလေ။ ရုပ်လေးက ချောတော့ ပျိုတိုင်းကြိုက်နေတာပေါ့။"

မုသားWhere stories live. Discover now