😘🦋 7 (final)

623 61 6
                                    

"အကို"

ရစ်ခီတစ်ယောက် ပါးဆီက ခွင့်ပြုချက်ရရခြင်း အိမ်မှာတောင် မအိပ်နိုင်ဘဲ ချစ်ရပါသော

 အကို့ဆီ ညတွင်းချင်း ဒုန်းစိုင်းပြန်ပြေးခဲ့တာပဲ

သိပ်မဝေးလှပေမယ့် ညသန်းခေါင်ကျော်မှ ပြန်ခဲ့တာကြောင့်ရော၊ မိုးရွာလို့လမ်းမကောင်းတာကြောင့်ရော

 မိုးလင်းမှရောက်တော့ မီးဖိုခန်းထဲအလုပ်ရှုပ်နေတဲ့ အကို့ကျောပြင်ကျယ်ကျယ်ကိုမြင်လိုက်တာနဲ့

တင်းထားတဲ့စိတ်တွေ အကုန်လွှတ်ချပြီး ပြေးဖက်လိုက်မိပါတော့တယ်။

အနောက်ကနေ တင်းတင်းကြပ်ကြပ်ဖက်ထားတာကြောင့် လွှတ်ဖို့ပြောမယ်ဟန်ပြင်လိုက်တဲ့ ဂျီအွန်းမှာ

ရစ်ခီရဲ့ ငိုချင်နေသလို အသံတုန်တုန်ကြောင့် လန့်သွားပြီး

"ရစ်ခီ ငိုနေတာလား ဘာဖြစ်လာတာလဲ"

"အင်း  အကို့ကိုသတိရလို့ သေတော့မှာမို့လို့"

ပိုတင်းနေအောင်ဖက်လိုက်ပြီး သူ့ကျောပြင်ကိုမျက်နှာအပ်ထားတဲ့ ကောင်လေးဆီက

မျက်ရည်တွေကြောင့် ဂျီအွန်းရဲ့အင်္ကျီမှာ ခဏချင်းစိုရွှဲသွားတော့တာ

"ရစ်ခီ ဘာဖြစ်လို့လဲ ကို့ကိုပြော"

"အကို့ကိုလွမ်းလို့ပါဆို"

"ရစ်ခီ ကိုယ်စိတ်ဆိုးချင်လာပြီနော်"

"........"

ပြန်မဖြေချင်လို့ ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ သူ့ကို အကိုက စိတ်ဆိုးသွားတယ် ထင်ပါရဲ့ တစ်ဖက်ကို လှည့်ထွက်သွားဖို့လုပ်နေတာ

ဒါပေမယ့် ခြေတစ်လှမ်းတောင် မလှမ်းရသေးခင် ပွေ့ချီခံလိုက်ရတာကြောင့် တင်းထားတဲ့ အကို့မျက်နှာက

ထိတ်ထိတ်လန့်လန့်နဲ့ မျက်လုံးလေးတွေကလည်း ဝိုင်းစက်လို့ ချစ်ဖို့ကောင်းလိုက်တာများ အကိုရယ်

"ဘာလုပ်တာလဲ ပြန်ချပေး"

"အကိုစိတ်ဆိုးသွားတာမို့လား ချော့ဖို့လေ"

"ရတယ် စိတ်ဆိုးပြေပြီ မချော့နဲ့တော့"

"ဟာ အဲ့လိုမရဘူးလေ မပြေနဲ့အုံး ထပ်ချော့ချင်လို့"

You've reached the end of published parts.

⏰ Last updated: May 24, 2023 ⏰

Add this story to your Library to get notified about new parts!

hyung is my beautiful weakness (RiWoong)Where stories live. Discover now